Huawei က ဥရောပမှာ P60 Pro နဲ့ Mate X3 ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ နွေရာသီ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲတွေက အခုမှစရုံရှိပါသေးတယ်။ မေလ ၁၈ ရက်နေ့မှာ ကုမ္ပဏီဟာ MatePad မော်ဒယ် အသစ်၊ စမတ်နာရီ အသစ်နဲ့ တခြား Gadgets အသစ်တွေကို ကြေညာမှာပါ။

အဲဒီ တက်ဘလက်ကို Huawei MatePad Air လို့ အမည်ပေးထားမယ်လို့သတင်းထွက်နေပါတယ်။ မော်ဒယ် အနည်းငယ်ကို မှတ်ပုံတင်ထားပြီး Wi-Fi only (DBY2-W00) နဲ့ 4G-enabled (DBY2-AL00 and DBY2Z-AL00) တို့ ဖြစ်ပါတယ်။

တရုတ် မီဒီယာ ITHome က အဲဒီ တက်ဘလက်မှာ Snapdragon 888 Chipset မောင်းနှင်ထားပြီး 8,200mAh Battery , 40W Charging ပါမယ်လို့ ပြောပါတယ်။ ဈေးနှုန်းက MatePad 11 (2023) (CNY 2,200) နဲ့ MatePad Pro 11 (2022) (CNY 3,500) အကြားမှာ ရှိနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ကုမ္ပဏီက အဲဒီ တက်ဘလက်ရဲ့ Teaser တွေကို မျှဝေနိုင်ပါတယ်။

မေလ ၁၈ ရက်နေ့ မိတ်ဆက်ပွဲမှာ Huawei Watch 4 Series နဲ့ MateBook Laptop အသစ်တွေကို ကြေညာနိုင်ပါတယ်။

Ref : gsmarena