[Zawgyi]

Apple ဟာ New iPad Air နဲ႔ iPad Mini ေတြကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ဆိုင္းမဆင့္ ဗုံမပါနဲ႔ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ iPad Air နဲ႔ iPad Mini ေတြအေၾကာင္းကို ဟိုဟိုဒီဒီက ေရးၾက၊ ေျပာၾကေပမယ့္ အခုလိုမ်ိဳး ႐ုတ္တရက္ႀကီး မိတ္ဆက္လိုက္လိမ့္မယ္လို႔ေတာ့ မထင္ခဲ့ၾကပါဘူး။

ဒါ့အျပင္ New iPad Air နဲ႔ iPad Mini ေတြဟာ Processor ပိုင္းမွာ ပိုေကာင္းလာတဲ့အျပင္ ေဈးႏႈန္းအရလည္း ပိုၿပီးတန္လာတယ္လို႔ ဆိုရမွာပါ။ ဒီ iPad သစ္ေတြဟာ Apple A12 Bionic Chip နဲ႔ျဖစ္ပါတယ္။ iPad Mini ကေတာ့ 7.9-inch မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ျဖစ္ၿပီး 2048 x 1526px Resolution နဲ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးက 4:3 လို႔ေဖာ္ျပထားပါတယ္။

iPad Air ကေတာ့ 10.5-inch အ႐ြယ္အစားပါ။ 2224 x 1668px Resolution ရွိပါတယ္။ iPad ႏွစ္မ်ိဳးလုံးဟာ Apple Pencil နဲ႔တြဲသုံးလို႔ရမွာျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Processor အျပင္ Pencil Support (1st Gen Pencil ေတြလည္းပါဝင္) ေပးတာကေတာ့ ဒီ iPad သစ္ေတြဟာ ၿပီးခဲ့တဲ့ ေမာ္ဒယ္ေတြထက္ သိသိသာသာ ေကာင္းမြန္သြားတဲ့အခ်က္ေတြလို႔ ဆိုရမွာပါ။

အသစ္ထြက္လာတဲ့ iPad Air မွာေရာ iPad Mini မွာပါ 8MP ေက်ာဘက္ကင္မရာေတြ တပ္ဆင္ေပးထားပါတယ္။ 1080p HD ဗြီဒီယိုေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ရွင္းရွင္းလင္းလင္း ႐ိုက္ကူးႏိုင္တယ္လို႔ ဆိုပါတယ္။ အေရွ႕ကင္မရာကေတာ့ 7MP HD ကင္မရာေတြျဖစ္ၾကတာမို႔ Selfie အတြက္လည္း အဆင္ေျပပါလိမ့္မယ္။

iPad Mini ကေတာ့ $399 (၆ သိန္း ၁ ေသာင္းခြဲဝန္းက်င္) ကေန စတင္မွာျဖစ္ၿပီး iPad Air ကေတာ့ $499 (၇ သိန္း ၇ ေသာင္းဝန္းက်င္) ကေန စတင္မွာ ျဖစ္ပါတယ္။ Wi-Fi သီးသန႔္နဲ႔ Wi-Fi + Cellular Version ႏွစ္မ်ိဳးခြဲထားပါတယ္။ Storage ကေတာ့ 64GB နဲ႔ 256GB ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာပါ။

Ref: CNN

[Unicode]

A12 Bionic Chip နဲ့ iPad သစ်နှစ်မျိုးကို Apple မိတ်ဆက်

Apple ဟာ New iPad Air နဲ့ iPad Mini တွေကို အံ့အားသင့်စရာကောင်းလောက်အောင် ဆိုင်းမဆင့် ဗုံမပါနဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ iPad Air နဲ့ iPad Mini တွေအကြောင်းကို ဟိုဟိုဒီဒီက ရေးကြ၊ ပြောကြပေမယ့် အခုလိုမျိုး ရုတ်တရက်ကြီး မိတ်ဆက်လိုက်လိမ့်မယ်လို့တော့ မထင်ခဲ့ကြပါဘူး။

ဒါ့အပြင် New iPad Air နဲ့ iPad Mini တွေဟာ Processor ပိုင်းမှာ ပိုကောင်းလာတဲ့အပြင် ဈေးနှုန်းအရလည်း ပိုပြီးတန်လာတယ်လို့ ဆိုရမှာပါ။ ဒီ iPad သစ်တွေဟာ Apple A12 Bionic Chip နဲ့ဖြစ်ပါတယ်။ iPad Mini ကတော့ 7.9-inch မျက်နှာပြင်အရွယ်အစားနဲ့ဖြစ်ပြီး 2048 x 1526px Resolution နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးက 4:3 လို့ဖော်ပြထားပါတယ်။

iPad Air ကတော့ 10.5-inch အရွယ်အစားပါ။ 2224 x 1668px Resolution ရှိပါတယ်။ iPad နှစ်မျိုးလုံးဟာ Apple Pencil နဲ့တွဲသုံးလို့ရမှာဖြစ်ပါတယ်။ ပိုကောင်းတဲ့ Processor အပြင် Pencil Support (1st Gen Pencil တွေလည်းပါဝင်) ပေးတာကတော့ ဒီ iPad သစ်တွေဟာ ပြီးခဲ့တဲ့ မော်ဒယ်တွေထက် သိသိသာသာ ကောင်းမွန်သွားတဲ့အချက်တွေလို့ ဆိုရမှာပါ။

အသစ်ထွက်လာတဲ့ iPad Air မှာရော iPad Mini မှာပါ 8MP ကျောဘက်ကင်မရာတွေ တပ်ဆင်ပေးထားပါတယ်။ 1080p HD ဗွီဒီယိုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်း ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ အရှေ့ကင်မရာကတော့ 7MP HD ကင်မရာတွေဖြစ်ကြတာမို့ Selfie အတွက်လည်း အဆင်ပြေပါလိမ့်မယ်။

iPad Mini ကတော့ $399 (၆ သိန်း ၁ သောင်းခွဲဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး iPad Air ကတော့ $499 (၇ သိန်း ၇ သောင်းဝန်းကျင်) ကနေ စတင်မှာ ဖြစ်ပါတယ်။ Wi-Fi သီးသန့်နဲ့ Wi-Fi + Cellular Version နှစ်မျိုးခွဲထားပါတယ်။ Storage ကတော့ 64GB နဲ့ 256GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။

Ref: CNN