[Zawgyi]

Apple ရဲ႕ ေအာက္တိုဘာ မိတ္ဆက္ပြဲႀကီးၿပီးသြားေတာ့ လူအေတာ္မ်ားမ်ားရဲ႕ မ်က္လုံးထဲမွာ iPad Pors ေလးက ဝင္းဝင္းလက္လက္နဲ႔ စြဲမက္ဖြယ္ ျဖစ္ေနမယ္လို႔ ထင္ပါတယ္။ မိတ္ဆက္ပြဲမွာၾကည့္ရတာနဲ႔တင္ ခ်က္ခ်င္းဆိုသလို ဝယ္ခ်င္စိတ္ေပါက္သြားႏိုင္ေအာင္လည္း ဆြဲေဆာင္မႈက ႀကီးပါတယ္။ အသစ္ျမင္ရင္ လိုခ်င္တာကလည္း လူ႔သေဘာ သဘာဝပါပဲ။

iPad Pros ကလည္း ဟိုအရင္တုန္းက အေဟာင္းေတြနဲ႔ မတူေအာင္ကို အေတာ္မ်ားမ်ား အဆင့္ျမႇင့္တင္ထားတဲ့အတြက္ ဝယ္ခ်င္စိတ္ကို ပိုၿပီးေတာ့ ျဖစ္ေပၚေစပါလိမ့္မယ္။ ဘယ္အခ်က္အလက္ကို ၾကည့္ၾကည့္ ဝယ္ခ်င္စရာခ်ည္းပဲ ျဖစ္ေနတယ္ဆိုေပမယ့္ တကယ္တမ္းစဥ္းစားၾကည့္လိုက္ရင္ မဝယ္ဘဲ ေစာင့္ၾကည့္ေနသင့္တဲ့ အခ်က္အခ်ိဳ႕လည္း ရွိပါတယ္။ ဟုတ္ပါတယ္။ ဒီေဆာင္းပါးက ဝယ္ခ်င္စိတ္ေလး ေလ်ာ့သြားေအာင္ စဥ္းစားေပးထားတာပါ။

အကုန္အက်မ်ားလြန္းတယ္
iPad Pros ဟာ $799 က အနိမ့္ဆုံးပါ။ ပိုေကာင္းတဲ့ အစိတ္အပိုင္းအလိုက္ ပိုမ်ားတဲ့ေဈးကိုလည္း ေပးရဦးမွာပါ။ iPad Pros ကို စြယ္စုံသုံးခ်င္တယ္ဆိုရင္ေတာ့ ထိုက္သင့္တဲ့ ေပးေခ်မႈက မျဖစ္မေနျပဳလုပ္ရမွာပါပဲ။ Smart Keyboard သစ္ Folio အတြက္ဆိုရင္ေတာင္မွ $199 သုံးရဦးမွာပါ။ 11-inch အတြက္ဆိုရင္၊ အနည္းငယ္ေသးတဲ့ Keyboard ဝယ္ရမွာျဖစ္ေပမယ့္ $179 ကုန္ရမွာပါ။ မဟုတ္ရင္ေတာ့ iPad Pros ဝယ္ထားေပမယ့္ ကြန္ပ်ဴတာတစ္လုံးလို အသုံးခ်ဖို႔ ခက္ခဲသြားပါလိမ့္မယ္။ သိုေလွာင္မႈဆိုရင္လည္း ၾကည့္ပါဦး။ ေဈးအနည္းဆုံးကိုယူမယ္ဆိုရင္ 64GB ပဲရပါလိမ့္မယ္။ iPad Pros ဝယ္ထားၿပီးမွေတာ့ ဒီထက္ပိုသုံးခ်င္လာဦးမွာပါ။ လုံးဝကို အျပည့္အစုံ အေကာင္းဆုံး ရခ်င္တယ္ဆိုရင္ေတာ့ $1,899 ေလာက္ သုံးရပါလိမ့္မယ္။ ဒီပမာဏက MacBook Air ဒါမွမဟုတ္ MacBook Pro အတြက္စဥ္းစားရင္ ရေနပါၿပီ။

တြဲဖက္အစိတ္အပိုင္းေတြလိုလြန္းတယ္
စိတ္ကူးထဲကအတိုင္း ၿပီးျပည့္စုံတဲ့ iPad တစ္ခုကို ဝယ္ၾကည့္လိုက္ပါ။ ဘယ္လိုသုံးမွာလဲ။ iPad သက္သက္ပဲ သုံးမွာလား။ ကြန္ပ်ဴတာလိုေရာ မသုံးခ်င္ဘူးလား။ ဒါဆိုရင္ Keyboard လိုၿပီ။ ခဲတံေလးနဲ႔ ဟိုျခစ္၊သည္ျခစ္ေရာ မလုပ္ခ်င္ဘူးလား။ ဒါဆိုရင္ Pencil လိုလာျပန္ၿပီ။ အဓိပၸါယ္ကေတာ့ iPad ခ်ည္းသက္သက္ ဝယ္ထားလို႔ မရဘူးဆိုတာပါပဲ။ ေနာက္တစ္ခုက အရင္အေဟာင္းေတြရဲ႕ တြဲဖက္ပစၥည္းေတြကို အစားထိုး သုံးလို႔မရပါဘူး။ အားလုံးကို အသစ္ေတြခ်ည္းပဲ သုံးရမွာပါ။ ဒီအတြက္ Apple ကိုလည္း အပစ္တင္လို႔ မရပါဘူး။ သူကေတာ့ အသစ္ေတြခ်ည္းပဲ ေရာင္းခ်င္တာဆိုေတာ့ အားလုံးကို အသစ္ေတြပဲ ထုတ္ေပးထားတာေပါ့။

Photoshop က ၂၀၁၉ အထိ မရေသးဘူး
New iPad Pros ေတာ့ ကိုင္ထားပါတယ္။ ခဲတံေလးလည္း တကိုင္ကိုင္နဲ႔ေပါ့။ ဟိုျခစ္၊သည္ျခစ္နဲ႔ဆိုပါစို႔။ ဒါေပမယ့္ iPad Pros မွာ Photoshop စစ္စစ္ သုံးလို႔မရေသးပါဘူး။ Adobe က ဒီလ အစပိုင္းမွာ iPad အတြက္ Photoshop ကို ျဖန႔္ေဝေပးထားတယ္ဆိုေပမယ့္ iPad Pros အတြက္ မဟုတ္ပါဘူး။ လုံးဝ အဆင္ေခ်ာေခ်ာနဲ႔ သုံးလို႔မရေသးပါဘူး။ Layers ေတြ သုံးရတာ ခ်ိဳ႕ယြင္းခ်က္ေတြ ရွိေနပါေသးတယ္။ ထိန္းခ်ဳပ္ရခက္ခဲတဲ့ အပိုင္းေတြ က်န္ေနပါေသးတယ္။ Macs နဲ႔ PCs ေတြအတြက္ ၿပီးျပည့္စုံတဲ့ Photoshop ရေနၿပီဆိုေပမယ့္ iPad Pros အတြက္ေတာ့ လာမယ့္ႏွစ္ထိ မေသခ်ာေသးပါဘူး။

USB-C ျပႆနာ
Apple က New iPad Pros ေတြအတြက္ USB-C ကို ေထာက္ပံ့ေပးလိုက္ပါတယ္။ ဒီအတြက္ ေစာင့္ႀကိဳေနတဲ့ ျပႆနာက အဆင္သင့္ပါ။ Android ဖုန္းနဲ႔ ကြန္ပ်ဴတာကို လြယ္လြယ္ခ်ိတ္ၿပီး သုံးသလိုမ်ိဳး New iPad Pros ေတြနဲ႔ သုံးလို႔ရခ်င္တဲ့ စိတ္ကူးကေတာ့ အခက္အခဲေတြနဲ႔ ျပည့္ေနပါလိမ့္မယ္။ Apple ကေတာ့ USB-C port နဲ႔ ကင္မရာကို ခ်ိတ္ၿပီးသုံးတာ ဘယ္ေလာက္ေကာင္းေၾကာင္း၊ လြယ္ကူေၾကာင္း ျပထားပါလိမ့္မယ္။ သိပ္ၿပီး သေဘာက်မေနပါနဲ႔။ ပန္းသီးထုတ္ကုန္ေတြနဲ႔ တျခား External storage ေတြနဲ႔ ခ်ိတ္ဆက္ရတာ ဘယ္ေလာက္လက္ဝင္သလဲဆိုတာ သိတဲ့အတိုင္းပါပဲ။ ဒီေတာ့ USB-C port သုံးၿပီး iOS ေတြကို တျခားကြန္ပ်ဴတာေတြလို လြယ္လြယ္ ခ်ိတ္ဆက္အသုံးျပဳႏိုင္၊ မျပဳႏိုင္ဆိုတဲ့ အေျခအေနကို သေဘာေပါက္ေလာက္ၿပီထင္ပါတယ္။

အသစ္ေတြရဲ႕ေနာက္မွာ
အသစ္ေတြရဲ႕ေနာက္မွာ လိုအပ္ခ်က္ေတြ၊ အကုန္အက်ေတြကေတာ့ တန္းစီၿပီးလိုက္ေလ့ရွိပါတယ္။ အေၾကာင္းျပခ်က္ေတြ ဘယ္လိုပဲ ျဖစ္ေနပါေစ Apple ကေတာ့ Lighting Port ကို အႀကီးအက်ယ္ ထုတ္လုပ္ေနတာပါပဲ။ နည္းပညာသစ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အၿမဲလုပ္ေလ့ရွိတာေၾကာင့္ ေရွ႕ကေန ဦးေဆာင္ေနေလ့ ရွိပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္မွာ သူ႔ရဲ႕ေနာက္ထပ္ေရာက္လာမယ့္ အသစ္အဆန္းေၾကာင့္ အခုအခ်ိန္ ေခတ္ေရွ႕ေျပးေနတဲ့ နည္းပညာက ေခတ္ကုန္သြားဦးမွာပါ။ USB-C ဆိုတာလည္း က်န္ခဲ့ဦးမွာပါပဲ။ အခုပဲၾကည့္ေလ။ ဘယ္မွာလဲ Headphone Jack? ေ႐ြးခ်ယ္စရာေတာ့ ရွိပါတယ္။ USB-C to 3.5mm ဒါမွမဟုတ္ Wireless Bluetooth Headphones ေပါ့။ ဒီအတြက္ အပိုေဆာင္း အသုံးစရိတ္ေတာ့ ေဆာင္ထားရမွာေပါ့။

Ref: Theverge

[Unicode]

Apple ရဲ့ အောက်တိုဘာ မိတ်ဆက်ပွဲကြီးပြီးသွားတော့ လူအတော်များများရဲ့ မျက်လုံးထဲမှာ iPad Pors လေးက ဝင်းဝင်းလက်လက်နဲ့ စွဲမက်ဖွယ် ဖြစ်နေမယ်လို့ ထင်ပါတယ်။ မိတ်ဆက်ပွဲမှာကြည့်ရတာနဲ့တင် ချက်ချင်းဆိုသလို ဝယ်ချင်စိတ်ပေါက်သွားနိုင်အောင်လည်း ဆွဲဆောင်မှုက ကြီးပါတယ်။ အသစ်မြင်ရင် လိုချင်တာကလည်း လူ့သဘော သဘာဝပါပဲ။

iPad Pros ကလည်း ဟိုအရင်တုန်းက အဟောင်းတွေနဲ့ မတူအောင်ကို အတော်များများ အဆင့်မြှင့်တင်ထားတဲ့အတွက် ဝယ်ချင်စိတ်ကို ပိုပြီးတော့ ဖြစ်ပေါ်စေပါလိမ့်မယ်။ ဘယ်အချက်အလက်ကို ကြည့်ကြည့် ဝယ်ချင်စရာချည်းပဲ ဖြစ်နေတယ်ဆိုပေမယ့် တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် မဝယ်ဘဲ စောင့်ကြည့်နေသင့်တဲ့ အချက်အချို့လည်း ရှိပါတယ်။ ဟုတ်ပါတယ်။ ဒီဆောင်းပါးက ဝယ်ချင်စိတ်လေး လျော့သွားအောင် စဉ်းစားပေးထားတာပါ။

အကုန်အကျများလွန်းတယ်
iPad Pros ဟာ $799 က အနိမ့်ဆုံးပါ။ ပိုကောင်းတဲ့ အစိတ်အပိုင်းအလိုက် ပိုများတဲ့ဈေးကိုလည်း ပေးရဦးမှာပါ။ iPad Pros ကို စွယ်စုံသုံးချင်တယ်ဆိုရင်တော့ ထိုက်သင့်တဲ့ ပေးချေမှုက မဖြစ်မနေပြုလုပ်ရမှာပါပဲ။ Smart Keyboard သစ် Folio အတွက်ဆိုရင်တောင်မှ $199 သုံးရဦးမှာပါ။ 11-inch အတွက်ဆိုရင်၊ အနည်းငယ်သေးတဲ့ Keyboard ဝယ်ရမှာဖြစ်ပေမယ့် $179 ကုန်ရမှာပါ။ မဟုတ်ရင်တော့ iPad Pros ဝယ်ထားပေမယ့် ကွန်ပျူတာတစ်လုံးလို အသုံးချဖို့ ခက်ခဲသွားပါလိမ့်မယ်။ သိုလှောင်မှုဆိုရင်လည်း ကြည့်ပါဦး။ ဈေးအနည်းဆုံးကိုယူမယ်ဆိုရင် 64GB ပဲရပါလိမ့်မယ်။ iPad Pros ဝယ်ထားပြီးမှတော့ ဒီထက်ပိုသုံးချင်လာဦးမှာပါ။ လုံးဝကို အပြည့်အစုံ အကောင်းဆုံး ရချင်တယ်ဆိုရင်တော့ $1,899 လောက် သုံးရပါလိမ့်မယ်။ ဒီပမာဏက MacBook Air ဒါမှမဟုတ် MacBook Pro အတွက်စဉ်းစားရင် ရနေပါပြီ။

တွဲဖက်အစိတ်အပိုင်းတွေလိုလွန်းတယ်
စိတ်ကူးထဲကအတိုင်း ပြီးပြည့်စုံတဲ့ iPad တစ်ခုကို ဝယ်ကြည့်လိုက်ပါ။ ဘယ်လိုသုံးမှာလဲ။ iPad သက်သက်ပဲ သုံးမှာလား။ ကွန်ပျူတာလိုရော မသုံးချင်ဘူးလား။ ဒါဆိုရင် Keyboard လိုပြီ။ ခဲတံလေးနဲ့ ဟိုခြစ်၊သည်ခြစ်ရော မလုပ်ချင်ဘူးလား။ ဒါဆိုရင် Pencil လိုလာပြန်ပြီ။ အဓိပ္ပါယ်ကတော့ iPad ချည်းသက်သက် ဝယ်ထားလို့ မရဘူးဆိုတာပါပဲ။ နောက်တစ်ခုက အရင်အဟောင်းတွေရဲ့ တွဲဖက်ပစ္စည်းတွေကို အစားထိုး သုံးလို့မရပါဘူး။ အားလုံးကို အသစ်တွေချည်းပဲ သုံးရမှာပါ။ ဒီအတွက် Apple ကိုလည်း အပစ်တင်လို့ မရပါဘူး။ သူကတော့ အသစ်တွေချည်းပဲ ရောင်းချင်တာဆိုတော့ အားလုံးကို အသစ်တွေပဲ ထုတ်ပေးထားတာပေါ့။

Photoshop က ၂၀၁၉ အထိ မရသေးဘူး
New iPad Pros တော့ ကိုင်ထားပါတယ်။ ခဲတံလေးလည်း တကိုင်ကိုင်နဲ့ပေါ့။ ဟိုခြစ်၊သည်ခြစ်နဲ့ဆိုပါစို့။ ဒါပေမယ့် iPad Pros မှာ Photoshop စစ်စစ် သုံးလို့မရသေးပါဘူး။ Adobe က ဒီလ အစပိုင်းမှာ iPad အတွက် Photoshop ကို ဖြန့်ဝေပေးထားတယ်ဆိုပေမယ့် iPad Pros အတွက် မဟုတ်ပါဘူး။ လုံးဝ အဆင်ချောချောနဲ့ သုံးလို့မရသေးပါဘူး။ Layers တွေ သုံးရတာ ချို့ယွင်းချက်တွေ ရှိနေပါသေးတယ်။ ထိန်းချုပ်ရခက်ခဲတဲ့ အပိုင်းတွေ ကျန်နေပါသေးတယ်။ Macs နဲ့ PCs တွေအတွက် ပြီးပြည့်စုံတဲ့ Photoshop ရနေပြီဆိုပေမယ့် iPad Pros အတွက်တော့ လာမယ့်နှစ်ထိ မသေချာသေးပါဘူး။

USB-C ပြဿနာ
Apple က New iPad Pros တွေအတွက် USB-C ကို ထောက်ပံ့ပေးလိုက်ပါတယ်။ ဒီအတွက် စောင့်ကြိုနေတဲ့ ပြဿနာက အဆင်သင့်ပါ။ Android ဖုန်းနဲ့ ကွန်ပျူတာကို လွယ်လွယ်ချိတ်ပြီး သုံးသလိုမျိုး New iPad Pros တွေနဲ့ သုံးလို့ရချင်တဲ့ စိတ်ကူးကတော့ အခက်အခဲတွေနဲ့ ပြည့်နေပါလိမ့်မယ်။ Apple ကတော့ USB-C port နဲ့ ကင်မရာကို ချိတ်ပြီးသုံးတာ ဘယ်လောက်ကောင်းကြောင်း၊ လွယ်ကူကြောင်း ပြထားပါလိမ့်မယ်။ သိပ်ပြီး သဘောကျမနေပါနဲ့။ ပန်းသီးထုတ်ကုန်တွေနဲ့ တခြား External storage တွေနဲ့ ချိတ်ဆက်ရတာ ဘယ်လောက်လက်ဝင်သလဲဆိုတာ သိတဲ့အတိုင်းပါပဲ။ ဒီတော့ USB-C port သုံးပြီး iOS တွေကို တခြားကွန်ပျူတာတွေလို လွယ်လွယ် ချိတ်ဆက်အသုံးပြုနိုင်၊ မပြုနိုင်ဆိုတဲ့ အခြေအနေကို သဘောပေါက်လောက်ပြီထင်ပါတယ်။

အသစ်တွေရဲ့နောက်မှာ
အသစ်တွေရဲ့နောက်မှာ လိုအပ်ချက်တွေ၊ အကုန်အကျတွေကတော့ တန်းစီပြီးလိုက်လေ့ရှိပါတယ်။ အကြောင်းပြချက်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ Apple ကတော့ Lighting Port ကို အကြီးအကျယ် ထုတ်လုပ်နေတာပါပဲ။ နည်းပညာသစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အမြဲလုပ်လေ့ရှိတာကြောင့် ရှေ့ကနေ ဦးဆောင်နေလေ့ ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်မှာ သူ့ရဲ့နောက်ထပ်ရောက်လာမယ့် အသစ်အဆန်းကြောင့် အခုအချိန် ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာက ခေတ်ကုန်သွားဦးမှာပါ။ USB-C ဆိုတာလည်း ကျန်ခဲ့ဦးမှာပါပဲ။ အခုပဲကြည့်လေ။ ဘယ်မှာလဲ Headphone Jack? ရွေးချယ်စရာတော့ ရှိပါတယ်။ USB-C to 3.5mm ဒါမှမဟုတ် Wireless Bluetooth Headphones ပေါ့။ ဒီအတွက် အပိုဆောင်း အသုံးစရိတ်တော့ ဆောင်ထားရမှာပေါ့။

Ref: Theverge