Apple iPhone SE 2020 ကို မကြာခင် အိန္ဒိယက Flipkart မှာ ရောင်းတော့မှာ ဖြစ်ပါတယ်။ Apple ရဲ့ တန်ဖိုးနည်း iPhone ကို တခြား နိုင်ငံတွေမှာ ဧပြီလ ၁၅ ရက်နေ့က ရောင်းပေးထားတာ ဖြစ်ပြီး အိန္ဒိယမှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို  ၄၂,၉၉၉ ရူပီးနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၇ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။

iPhone SE 2020 ရဲ့ ဒီဇိုင်းနဲ့ ကိုယ်ထည်ဟာ iPhone 8 နဲ့ တူပါတယ်။ Apple A13 Bionic Chip မောင်းနှင်ထားပြီး ၄.၇ လက်မ Retina HD မျက်နှာပြင် ပါလာပါတယ်။ အရှေ့ဘက်မှာ 7MP ဆဲလ်ဖီး ကင်မရာနဲ့ အောက်ခြေမှာ Touch-ID Sensor ထည့်ထားပါတယ်။

အနောက်ဘက်မှာ 12MP ကင်မရာ ပါလာပြီး 4K 60fps Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ Apple က ထုံးစံအတိုင်း RAM နဲ့ Battery ကို မကြေညာခဲ့ပေမယ့် စတိုးတွေမှာ 3GB RAM နဲ့ 1821mAh Battery လို့ ဖော်ပြထားပါတယ်။ အဖြူ၊ အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး 64GB, 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ၄၂,၉၉၉ ၊ ၄၇,၈၀၀ နဲ့ ၅၈,၃၀၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်း၊ ၈ သိန်း ၈ သောင်းနဲ့ ၁၀ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gizchina