[Zawgyi]

ၿပီးခဲ့တဲ့ သီတင္းပတ္ ေနာက္ဆုံးရက္ေတြတုန္းက Google Pixel 3a နဲ႔ ပတ္သက္ၿပီး တရားဝင္ Render ပုံရိပ္ တစ္ခု ေပါက္ၾကားလာပါတယ္။ ဒီတစ္ပါတ္မွာ ထပ္ၿပီးေပၚထြက္လာတဲ့ Render ပုံရိပ္ကေတာ့ ပိုၿပီးေတာ့ ၾကည္လင္ျပတ္သားတာကိုေတြ႕ျမင္ရပါတယ္။

Twitter မွာ ေပါက္ၾကားသတင္းေတြနဲ႔ပတ္သက္ၿပီး နာမည္ေက်ာ္ၾကားတဲ့ Evan Blass ဆီက ေပါက္ၾကားလာတဲ့ ဒီပုံရိပ္က Resolution ျမင့္မားတာေၾကာင့္ အေသးစိတ္နီးပါး ရွင္းရွင္းလင္းလင္း ျမင္ေနရတာပဲ ျဖစ္ပါတယ္။ Render ပုံရိပ္ေတြကေတာ့ ပထမတစ္ႀကိမ္နဲ႔ ဒုတိယတစ္ႀကိမ္ ႏွစ္ႀကိမ္လုံးတူညီေနပါတယ္။

Pixel 3a ရဲ႕ တည္ေဆာက္ပုံဟာ ၂၀၁၇ တုန္းကလိုပဲ ႀကီးမားတဲ့ Bezels ေတြနဲ႔ ျဖစ္ေနတာကိုေတြ႕ရပါတယ္။ အတြင္းပိုင္းဖြဲ႕စည္းတည္ေဆာက္မႈမွာေတာ့ ေကာလာဟလသတင္းေတြအရ Snapdragon 670 ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ 4GB of RAM ျဖစ္ၿပီး သိုေလွာင္မႈပမာဏကေတာ့ 64GB ျဖစ္ပါလိမ့္မယ္။ ဘက္ထရီကေတာ့ 3,000mAh ပမာဏကို တပ္ဆင္ေပးထားၿပီး 18-watt fast charge ေထာက္ပံ့ေပးထားေၾကာင္းလည္း သိရပါတယ္။

Pixel 3a series ေတြဟာ Mid-range ေတြျဖစ္ေပမယ့္ ကင္မရာပိုင္းမွာေတာ့ Flagship pixel ေတြနဲ႔တူညီတဲ့ အရည္အေသြးမ်ိဳး ျဖစ္မယ္လို႔ သတင္းထြက္ထားတာပါ။ အေရွ႕ကင္မရာကေတာ့ 8MP ျဖစ္မယ္လို႔ ဆိုထားပါတယ္။ တရားဝင္မိတ္ဆက္မယ့္အခ်ိန္က ေမလ ၇ ရက္ေန႔ျဖစ္ဖြယ္ရွိပါတယ္။ သတင္းထြက္ေပၚထားတဲ့ေဈးႏႈန္းေတြကေတာ့ Pixel 3a 64GB ဟာ $400 (၆ သိန္း ၁ ေသာင္းဝန္းက်င္) ျဖစ္ၿပီး Pixel 3a XL 64GB ကေတာ့ $500 (၇ သိန္း ၆ ေသာင္းခြဲဝန္းက်င္) ျဖစ္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Google Pixel 3a Render ပုံရိပ်နဲ့ အချက်အလက်အချို့ ထပ်မံပေါ်ထွက်လာ

ပြီးခဲ့တဲ့ သီတင်းပတ် နောက်ဆုံးရက်တွေတုန်းက Google Pixel 3a နဲ့ ပတ်သက်ပြီး တရားဝင် Render ပုံရိပ် တစ်ခု ပေါက်ကြားလာပါတယ်။ ဒီတစ်ပါတ်မှာ ထပ်ပြီးပေါ်ထွက်လာတဲ့ Render ပုံရိပ်ကတော့ ပိုပြီးတော့ ကြည်လင်ပြတ်သားတာကိုတွေ့မြင်ရပါတယ်။

Twitter မှာ ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားတဲ့ Evan Blass ဆီက ပေါက်ကြားလာတဲ့ ဒီပုံရိပ်က Resolution မြင့်မားတာကြောင့် အသေးစိတ်နီးပါး ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ ဖြစ်ပါတယ်။ Render ပုံရိပ်တွေကတော့ ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ် နှစ်ကြိမ်လုံးတူညီနေပါတယ်။

Pixel 3a ရဲ့ တည်ဆောက်ပုံဟာ ၂၀၁၇ တုန်းကလိုပဲ ကြီးမားတဲ့ Bezels တွေနဲ့ ဖြစ်နေတာကိုတွေ့ရပါတယ်။ အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်မှုမှာတော့ ကောလာဟလသတင်းတွေအရ Snapdragon 670 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ 4GB of RAM ဖြစ်ပြီး သိုလှောင်မှုပမာဏကတော့ 64GB ဖြစ်ပါလိမ့်မယ်။ ဘက်ထရီကတော့ 3,000mAh ပမာဏကို တပ်ဆင်ပေးထားပြီး 18-watt fast charge ထောက်ပံ့ပေးထားကြောင်းလည်း သိရပါတယ်။

Pixel 3a series တွေဟာ Mid-range တွေဖြစ်ပေမယ့် ကင်မရာပိုင်းမှာတော့ Flagship pixel တွေနဲ့တူညီတဲ့ အရည်အသွေးမျိုး ဖြစ်မယ်လို့ သတင်းထွက်ထားတာပါ။ အရှေ့ကင်မရာကတော့ 8MP ဖြစ်မယ်လို့ ဆိုထားပါတယ်။ တရားဝင်မိတ်ဆက်မယ့်အချိန်က မေလ ၇ ရက်နေ့ဖြစ်ဖွယ်ရှိပါတယ်။ သတင်းထွက်ပေါ်ထားတဲ့ဈေးနှုန်းတွေကတော့ Pixel 3a 64GB ဟာ $400 (၆ သိန်း ၁ သောင်းဝန်းကျင်) ဖြစ်ပြီး Pixel 3a XL 64GB ကတော့ $500 (၇ သိန်း ၆ သောင်းခွဲဝန်းကျင်) ဖြစ်မယ်လို့ သိရပါတယ်။

Ref: GSMArena