OnePlus ကနေ ဇူလိုင်လအတွင်းမှာ Mid Range ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ OnePlus Z (သို့မဟုတ်) OnePlus Nord ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus Nord ဖုန်းအပြင် OnePlus ကနေ ကုမ္ပဏီရဲ့ ပထမဆုံး True Wireless Earbuds ဖြစ်လာမယ့် OnePlus Buds ကိုပါ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

ယခင်တုန်းက OnePlus ကနေ အဆိုပါ True Wireless Earbuds ကို OnePlus Buds လို့ပဲ ခေါ်ဆိုမယ်ဆိုတာနဲ့ AirPods ပုံစံ Design ရှိမယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ Render ဓါတ်ပုံအသစ်ပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါ Render ဓါတ်ပုံဟာ ယခင် AirPods ပုံစံ Design ဖြစ်နေပေမယ့်လည်း Silicon Eartips တွေနဲ့ အမည်းရောင်ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ဒီလိုမျိုး အမည်းရောင်ကိုမှ အနီရောင် Trim လုပ်ထားတာက လက်ရှိ OnePlus ကနေ ထုတ်လုပ်နေတဲ့ Bullet Wireless Earbuds တွေနဲ့တောင် Design ဆင်တူနေပါသေးတယ်။ ဒါ့အပြင် Silicon Eartips ပါဝင်မယ့်အတွက် Active Noise Cancellation လိုမျိုး Feature တွေပါဝင်လာမလားဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

OnePlus အနေနဲ့ လက်ရှိအချိန်မှာ OnePlus Nord ဖုန်းကို မိတ်ဆက်ဖို့ရှိတယ်ဆိုတာကို တရားဝင်အတည်ပြုထားပြီး OnePlus Buds ကိုတေ့ာ ဘာမှတရားဝင်ပြောကြားထားခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အဆိုပါ OnePlus Buds ဟာ OnePlus Nord ဖုန်းနဲ့အတူ မိတ်ဆက်သွားဖို့ကတော့ ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Gizmo China