Flipkart က အိန္ဒိယမှာ Nokia ရဲ့ ပထမဆုံး စမတ် တီဗီကို  ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ပြီး ၅၅ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အဲဒီ တီဗီရဲ့ ၄၃ လက်မနဲ့ ၆၅ လက်မ မော်ဒယ်တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Flipkart ဟာ ဩဂုတ်လတုန်းကလည်း Nokia Android TV Box ကို ရောင်းချပေးခဲ့ပြီး အခုတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ Nokia ရဲ့ စမတ် တီဗီ အသစ်တွေကို မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Nokia အိန္ဒိယ ဝက်ဘ်ဆိုက်က စမတ်တီဗီ အသစ်တွေကို ဒီလ ၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ NokiaPowerUser က အဲဒီတီဗီတွေဟာ ၃၂ လက်မနဲ့ ၅၀ လက်မ မော်ဒယ်တွေ ဖြစ်တယ်လို့ ပြောပြီး ဩဂုတ်လ အစောပိုင်းမှာ Bureau of Indian Standards မှာ မှတ်ပုံတင်ခဲ့ပါတယ်။

NokiaPowerUser က အဲဒီတီဗီတွေရဲ့  ပိုစတာတွေကို မျှဝေထားပြီး Onkyo စပီကာတွေ ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းပါတယ်။ ဘာလို့လည်း ဆိုတော့ Nokia ရဲ့ လက်ရှိ စမတ်တီဗီတွေမှာ JBL စပီကာတွေ တပ်ဆင်ထားတာကြောင့်ပါ။ ဘာကြောင့် ဂျပန် ကုမ္ပဏီ Onkyo ကို ပြောင်းသုံးသလဲဆိုတာ မသိရသေးပါဘူး။

Nokia ရဲ့ စမတ်တီဗီ အသစ်တွေမှာ Android 9.0 ထည့်သွင်းထားနိုင်ပြီး Netflix, Prime Video နဲ့ Disney+Hotstar စတဲ့ App တွေ ကြိုတင် ထည့်သွင်းထားဖွယ်ရှိပါတယ်။ ဈေးအချိုဆုံး ၃၂ လက်မ မော်ဒယ်မှာ FHD Resolution နဲ့ ၅၅ လက်မ မော်ဒယ်မှာ 4K Resolution ပါလာနိုင်ပါတယ်။

Ref : gizmochina