[Zawgyi]

တစ္ေန႔တာ မကုန္ခင္ ဖုန္း ဘက္ထရီ အားကုန္သြားတဲ့ ျပႆနာေတြ သိပ္မၾကာခင္မွာ ၿပီးဆံုးေတာ့မွာပါ။ Nokia ရဲ႕ လက္ေအာက္ ကုမၸဏီ Nokia Bell Labs က လက္ရွိ ဖုန္း ဘက္ထရီမ်ားထက္ သက္တမ္း ၂.၅ ဆ ပိုေကာင္းတဲ့ ဘက္ထရီ နည္းပညာကို ေၾကညာလိုက္ပါတယ္။ အဲဒီ ဘက္ထရီဟာ ဖုန္းရဲ႕ အေလးခ်ိန္ကို မတိုးသြားေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။

Nokia Bell Labs က အိုင္ယာလန္မွ သုေတသနစင္တာ တစ္ခု ျဖစ္တဲ့ AMBER နဲ႔ ပူးေပါင္း၍ ဒီနည္းပညာကို ဖန္တီးထားတာျဖစ္ပါတယ္။ Nokia Bell Labs မွ နည္းပညာ ၀န္ထမ္း Paul King က ေနရာက်ဥ္းက်ဥ္းထဲမွာ စြမ္းအင္ပိုမ်ားေအာင္ ထည့္ထားျခင္းျဖင့္ ဘက္ထရီ နည္းပညာ အသစ္ဟာ 5G နဲ႔ ကြန္ရက္ ခ်ိတ္ဆက္ထားတဲ့ တစ္ကမာၻလံုးကို အက်ိဳးရွိေစမွာ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။

ႏိုကီယာဟာ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ျခင္း မရွိေတာ့ပါဘူး။ သူ႔ရဲ႕ ဘရန္းကို HDM Global ကို ေရာင္းခ်ထားပါတယ္။ ႏိုကီယာက ဘက္ထရီ နည္းပညာကိုလည္း အျခား ကုမၸဏီမ်ားကို ေရာင္းခ်ႏုိင္ပါတယ္။ ႏိုကီယာရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “ ဒီနည္းပညာကို သူမ်ားေတြ သံုးလို႔ မရေအာင္ မွတ္ပံုတင္ထားၿပီးပါၿပီ။ ဒီနည္းပညာကို ေရာင္းခ်မယ့္ အခ်ိန္ကို မသတ္မွတ္ရေသးပါဘူး။ “ လို႔ ေျပာပါတယ္။

စမတ္ဖုန္းမ်ားဟာ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာ စြမ္းရည္အလြန္ ျမင့္မားလာၾကပါတယ္။ အဲဒီအတြက္ စြမ္းအင္လည္း မ်ားစြာ ပိုလိုအပ္လာပါတယ္။ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာမွ စြမ္းရည္နိမ့္ ဖုန္းမ်ားမွာေတာ့ ဘက္ထရီ သက္တမ္းဟာ တစ္ပတ္ေလာက္ေတာင္ အသံုးခံပါတယ္။ ေခတ္ေပၚ စမတ္ဖုန္းမ်ားမွာေတာ့ ဒီေလာက္ အသံုးမခံေတာ့တဲ့ အတြက္ စြမ္းရည္ျမင့္ ဘက္ထရီမ်ားကို ဖန္တီးေနၾကတာ ျဖစ္ပါတယ္။

Ref : techradar

[Unicode]

လက်ရှိ ဘက်ထရီများထက် သက်တမ်း (၂) ဆ ပိုကောင်းတဲ့ Nokia ရဲ့ ဘက်ထရီ နည်းပညာ

တစ်နေ့တာ မကုန်ခင် ဖုန်း ဘက်ထရီ အားကုန်သွားတဲ့ ပြဿနာတွေ သိပ်မကြာခင်မှာ ပြီးဆုံးတော့မှာပါ။ Nokia ရဲ့ လက်အောက် ကုမ္ပဏီ Nokia Bell Labs က လက်ရှိ ဖုန်း ဘက်ထရီများထက် သက်တမ်း ၂.၅ ဆ ပိုကောင်းတဲ့ ဘက်ထရီ နည်းပညာကို ကြေညာလိုက်ပါတယ်။ အဲဒီ ဘက်ထရီဟာ ဖုန်းရဲ့ အလေးချိန်ကို မတိုးသွားအောင် ဒီဇိုင်းထုတ်ထားပါတယ်။

Nokia Bell Labs က အိုင်ယာလန်မှ သုတေသနစင်တာ တစ်ခု ဖြစ်တဲ့ AMBER နဲ့ ပူးပေါင်း၍ ဒီနည်းပညာကို ဖန်တီးထားတာဖြစ်ပါတယ်။ Nokia Bell Labs မှ နည်းပညာ ဝန်ထမ်း Paul King က နေရာကျဉ်းကျဉ်းထဲမှာ စွမ်းအင်ပိုများအောင် ထည့်ထားခြင်းဖြင့် ဘက်ထရီ နည်းပညာ အသစ်ဟာ 5G နဲ့ ကွန်ရက် ချိတ်ဆက်ထားတဲ့ တစ်ကမ္ဘာလုံးကို အကျိုးရှိစေမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

နိုကီယာဟာ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချခြင်း မရှိတော့ပါဘူး။ သူ့ရဲ့ ဘရန်းကို HDM Global ကို ရောင်းချထားပါတယ်။ နိုကီယာက ဘက်ထရီ နည်းပညာကိုလည်း အခြား ကုမ္ပဏီများကို ရောင်းချနိုင်ပါတယ်။ နိုကီယာရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ ဒီနည်းပညာကို သူများတွေ သုံးလို့ မရအောင် မှတ်ပုံတင်ထားပြီးပါပြီ။ ဒီနည်းပညာကို ရောင်းချမယ့် အချိန်ကို မသတ်မှတ်ရသေးပါဘူး။ “ လို့ ပြောပါတယ်။
စမတ်ဖုန်းများဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ စွမ်းရည်အလွန် မြင့်မားလာကြပါတယ်။ အဲဒီအတွက် စွမ်းအင်လည်း များစွာ ပိုလိုအပ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာမှ စွမ်းရည်နိမ့် ဖုန်းများမှာတော့ ဘက်ထရီ သက်တမ်းဟာ တစ်ပတ်လောက်တောင် အသုံးခံပါတယ်။ ခေတ်ပေါ် စမတ်ဖုန်းများမှာတော့ ဒီလောက် အသုံးမခံတော့တဲ့ အတွက် စွမ်းရည်မြင့် ဘက်ထရီများကို ဖန်တီးနေကြတာ ဖြစ်ပါတယ်။
Ref : techradar