[Zawgyi]

Oppo ကုမၸဏီဟာ Mid-range တန္းထုတ္ကုန္စာရင္းကို ထပ္မံတုိးခ်ဲ႕ဖို႔ ျပင္ဆင္ေနပုံရၿပီး ေမာ္ဒယ္နံပါတ္ PCGM00 နဲ႔ PCGT00 ဆုိတဲ့ ဟန္းဆက္ႏွစ္ခုဟာ ေထာက္ခံခ်က္ရရွိခဲ့ၿပီျဖစ္ပါတယ္။ သူတုိ႔ရဲ႕ Specs ေတြကို ၾကည့္ရသေလာက္ဆုိရင္ မၾကာခင္ထြက္လာမယ့္ Oppo Reno ရဲ႕ ေစ်းအနည္းငယ္ပိုသက္သာတဲ့ ဗားရွင္းအတြက္ တူညီတဲ့ ဟန္းဆက္တစ္ခုတည္းရဲ႕ ေမာ္ဒယ္ႏွစ္ခု ျဖစ္ႏုိင္ပါတယ္။

ေရွ႕ဘက္မွာ 6.5” လက္မအရြယ္ FHD+ AMOLED Display တစ္ခုပါဝင္ၿပီး 19.5:9 ျမင္ကြင္းအခ်ဳိး ပုိင္ဆုိင္ပါတယ္။ Fingerprint ကိုလည္း In-display ပဲထည့္သြင္းလာၿပီး ဆယ္ဖီကင္မရာက 16MP Pop-up ကင္မရာဆုိတဲ့အတြက္ ပါးလႊာတဲ့ Bezel ေဘာင္နဲ႔ Notch မပါတဲ့ မ်က္ႏွာျပင္လို႔ ျမင္ေယာင္ၾကည့္ႏုိင္ပါတယ္။

ေနာက္ဘက္မွာေတာ့ 16MP အဓိက Sensor ကို 2MP Depth Sensor တစ္ခုနဲ႔ ေပါင္းစပ္ထားတယ္။ အတြင္းမွာ Snapdragon 710 ခ်စ္ပ္ဆက္ကို 8GB RAM မန္မိုရီနဲ႔တြဲဖက္ထားကာ ထပ္မံတုိးခ်ဲ႕လို႔မရတဲ့ 128GB Storage ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 3,680 mAh ျဖစ္ၿပီး အားအျမန္သြင္းစနစ္တစ္ခု ပါဝင္မယ္။

ဒီဖုန္းအသစ္မွာ Android 9 ကိုအေျခခံထားတဲ့ Oppo Color OS ကိုထည့္သြင္းလာပါတယ္။ ကိုယ္ထည္ အခ်ဳိးအစားကေတာ့ 161.2 x 76 x 9.4mm ျဖစ္ၿပီး 191 ဂရမ္ အေလးခ်ိန္ရွိတယ္။ ေနာက္ဘက္က ႏွစ္ေရာင္စပ္ အေရာင္ေျပးကာလာဟာ ေဒါင္လုိက္ခြဲျခားထားတဲ့ စိတ္ဝင္စားစရာ ကာလာျဖစ္ၿပီး အျဖဴနဲ႔ အမည္း ဗားရွင္းေတြလည္း ထြက္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

Oppo ကုမ္ပဏီဟာ Mid-range တန်းထုတ်ကုန်စာရင်းကို ထပ်မံတိုးချဲ့ဖို့ ပြင်ဆင်နေပုံရပြီး မော်ဒယ်နံပါတ် PCGM00 နဲ့ PCGT00 ဆိုတဲ့ ဟန်းဆက်နှစ်ခုဟာ ထောက်ခံချက်ရရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ Specs တွေကို ကြည့်ရသလောက်ဆိုရင် မကြာခင်ထွက်လာမယ့် Oppo Reno ရဲ့ ဈေးအနည်းငယ်ပိုသက်သာတဲ့ ဗားရှင်းအတွက် တူညီတဲ့ ဟန်းဆက်တစ်ခုတည်းရဲ့ မော်ဒယ်နှစ်ခု ဖြစ်နိုင်ပါတယ်။

ရှေ့ဘက်မှာ 6.5” လက်မအရွယ် FHD+ AMOLED Display တစ်ခုပါဝင်ပြီး 19.5:9 မြင်ကွင်းအချိုး ပိုင်ဆိုင်ပါတယ်။ Fingerprint ကိုလည်း In-display ပဲထည့်သွင်းလာပြီး ဆယ်ဖီကင်မရာက 16MP Pop-up ကင်မရာဆိုတဲ့အတွက် ပါးလွှာတဲ့ Bezel ဘောင်နဲ့ Notch မပါတဲ့ မျက်နှာပြင်လို့ မြင်ယောင်ကြည့်နိုင်ပါတယ်။

နောက်ဘက်မှာတော့ 16MP အဓိက Sensor ကို 2MP Depth Sensor တစ်ခုနဲ့ ပေါင်းစပ်ထားတယ်။ အတွင်းမှာ Snapdragon 710 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့တွဲဖက်ထားကာ ထပ်မံတိုးချဲ့လို့မရတဲ့ 128GB Storage ပါဝင်ပါတယ်။ ဘက္ထရီကတော့ 3,680 mAh ဖြစ်ပြီး အားအမြန်သွင်းစနစ်တစ်ခု ပါဝင်မယ်။

ဒီဖုန်းအသစ်မှာ Android 9 ကိုအခြေခံထားတဲ့ Oppo Color OS ကိုထည့်သွင်းလာပါတယ်။ ကိုယ်ထည် အချိုးအစားကတော့ 161.2 x 76 x 9.4mm ဖြစ်ပြီး 191 ဂရမ် အလေးချိန်ရှိတယ်။ နောက်ဘက်က နှစ်ရောင်စပ် အရောင်ပြေးကာလာဟာ ဒေါင်လိုက်ခွဲခြားထားတဲ့ စိတ်ဝင်စားစရာ ကာလာဖြစ်ပြီး အဖြူနဲ့ အမည်း ဗားရှင်းတွေလည်း ထွက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena