[Zawgyi]

OPPO ဟာ လာမယ့္ဧၿပီလအတြင္းမွာ Flagship ဖုန္းတစ္လုံး မိတ္ဆက္သြားမယ္လို႔ သတင္းထြက္ေနၿပီး OPPO ဥကၠဌ Shen Yiren ကလည္း ဖုန္းတစ္လုံးနဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ဳိ႕ကို အခုတေလာမွာ တစ္ခုစီ တင္ေနပါတယ္။ ဖုန္းရဲ႕နာမည္ကိုေတာ့ ေလာေလာဆယ္ မသိရေသးေပမယ့္ OPPO Find Z ဆုိတဲ့အမည္နဲ႔ ထြက္လာမယ္လို႔ေတာ့ သတင္းေတြထြက္ေနပါတယ္။ ဒီေန႔မွာ အခ်က္အလက္ေတြတူညီေနတဲ့ OP46C3 ဆုိတဲ့ ဖုန္းတစ္လုံးကို AnTuTu မွာစတင္ေတြ႕ရွိလာခဲ့တယ္။

OP46C3 ကိုေတာ့ အရင္က OPPO R11s အျဖစ္လည္း အရင္က သုံးစြဲခဲ့ဖူးတယ္။ Snapdragon 660 နဲ႔ R11s ကို ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလမွာ ေၾကျငာခဲ့တာျဖစ္ၿပီး အခုေတြ႕ရတဲ့ဖုန္းကုိ R11s အျဖစ္ ကုဒ္နံပါတ္ သုံးထားတာဟာ Find Z ရဲ႕အမည္ကို မေဖာ္ထုတ္ျပခ်င္ေသးလို႔လည္း ျဖစ္ႏုိင္ပါတယ္။

အခု OP46C3 ဖုန္းကေတာ့ Snapdragon 855 ခ်စ္ပ္ဆက္ကို 8GB RAM မန္မုိရီနဲ႔ တြဲဖက္လာခဲ့ကာ Android 9 Pie OS ကိုအသုံးျပဳထားပါတယ္။ Storage ပမာဏက 256 GB ပါ။ မ်က္ႏွာျပင္ကေတာ့ 2340 x 1080p ရွိတဲ့ Full HD+ Resolution နဲ႔ျဖစ္ပါတယ္။

ဒီဖုန္းဟာ AnTuTu မွာ Benchmark ရလဒ္ 365,246 ပ်မ္းမွ်ရရွိထားတယ္။ OPPO ဥကၠဌကေတာ့ ဖုန္းအသစ္မွာ 4,065 mAh ဘကၳရီႀကီး ပါမယ္လို႔လည္း အတည္ျပဳထားပါတယ္။ AnTuTu မွာေတာ့ ဒီဖုန္းရဲ႕ အဓိက ကင္မရာေတြထဲမွာ 12MP တစ္ခု ပါလာမွာျဖစ္ၿပီး ဆယ္ဖီကင္မရာက 16MP လို႔ဆုိထားတယ္။ ဒါေပမယ့္ ကင္မရာတစ္လုံးထက္ ပိုပါမယ့္ စမတ္ဖုန္းေနာက္ဘက္မွာ 48 MP Sensor တစ္ခုလည္း ပါလာဦးမယ္လို႔ သတင္းထြက္ထားပါတယ္။

Ref – Playful Droid

[Unicode]

OPPO ဟာ လာမယ့်ဧပြီလအတွင်းမှာ Flagship ဖုန်းတစ်လုံး မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပြီး OPPO ဥက္ကဌ Shen Yiren ကလည်း ဖုန်းတစ်လုံးနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို အခုတလောမှာ တစ်ခုစီ တင်နေပါတယ်။ ဖုန်းရဲ့နာမည်ကိုတော့ လောလောဆယ် မသိရသေးပေမယ့် OPPO Find Z ဆိုတဲ့အမည်နဲ့ ထွက်လာမယ်လို့တော့ သတင်းတွေထွက်နေပါတယ်။ ဒီနေ့မှာ အချက်အလက်တွေတူညီနေတဲ့ OP46C3 ဆိုတဲ့ ဖုန်းတစ်လုံးကို AnTuTu မှာစတင်တွေ့ရှိလာခဲ့တယ်။

OP46C3 ကိုတော့ အရင်က OPPO R11s အဖြစ်လည်း အရင်က သုံးစွဲခဲ့ဖူးတယ်။ Snapdragon 660 နဲ့ R11s ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ကြေငြာခဲ့တာဖြစ်ပြီး အခုတွေ့ရတဲ့ဖုန်းကို R11s အဖြစ် ကုဒ်နံပါတ် သုံးထားတာဟာ Find Z ရဲ့အမည်ကို မဖော်ထုတ်ပြချင်သေးလို့လည်း ဖြစ်နိုင်ပါတယ်။

အခု OP46C3 ဖုန်းကတော့ Snapdragon 855 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့ တွဲဖက်လာခဲ့ကာ Android 9 Pie OS ကိုအသုံးပြုထားပါတယ်။ Storage ပမာဏက 256 GB ပါ။ မျက်နှာပြင်ကတော့ 2340 x 1080p ရှိတဲ့ Full HD+ Resolution နဲ့ဖြစ်ပါတယ်။

ဒီဖုန်းဟာ AnTuTu မှာ Benchmark ရလဒ် 365,246 ပျမ်းမျှရရှိထားတယ်။ OPPO ဥက္ကဌကတော့ ဖုန်းအသစ်မှာ 4,065 mAh ဘက္ထရီကြီး ပါမယ်လို့လည်း အတည်ပြုထားပါတယ်။ AnTuTu မှာတော့ ဒီဖုန်းရဲ့ အဓိက ကင်မရာတွေထဲမှာ 12MP တစ်ခု ပါလာမှာဖြစ်ပြီး ဆယ်ဖီကင်မရာက 16MP လို့ဆိုထားတယ်။ ဒါပေမယ့် ကင်မရာတစ်လုံးထက် ပိုပါမယ့် စမတ်ဖုန်းနောက်ဘက်မှာ 48 MP Sensor တစ်ခုလည်း ပါလာဦးမယ်လို့ သတင်းထွက်ထားပါတယ်။

Ref – Playful Droid