realme 6i ရဲ့ တတိယမြောက် အရောင် ဖြစ်တဲ့ Blue Soda ကို ရောင်းပေးလိုက်ပါပြီ။ အရင်က Cream White နဲ့ Green Tea ၂ ရောင် ရောင်းချပေးထားတာပါ။ အရောင် အသစ်ကို ဥရောပ နိုင်ငံတွေ ဖြစ်တဲ့  ဗြိတိန်၊ ချက်နဲ့ ပိုလန်တို့မှာ ရောင်းချပေးလိုက်သလို ဖိလစ်ပိုင်မှာလည်း ဝယ်ယူနိုင်ပါပြီ။

ဥရောပမှာ အဲဒီ မော်ဒယ်ရဲ့ 4/128GB Version ကို ယူရို ၂၁၅ လောက်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၃ သိန်း ၃ သောင်းလောက်ရှိပါတယ်။ ဖိလစ်ပိုင်မှာ 3/64GB Version ကို ၁၄၂ ယူရိုနဲ့ 4/128GB Version ကို ၁၈၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၂ သောင်းနဲ့ ၂ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

အရောင်သာ ကွဲပြားပြီး Specs တွေက အရင် မော်ဒယ်တွေနဲ့ တူညီပါတယ်။ realme 6i မှာ ၆.၅ လက်မ HD IPS LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 48MP Main , 8MP Ultrawide တွေ ပါပါတယ်။ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။

Ref : gsmarena