တရုတ်ကနေထွက်လာတဲ့ နောက်ဆုံး သတင်းတွေအရ realme ဟာ realme Pad နဲ့ realme Pad Mini တို့ပြီးနောက်မှာ နောက်ထပ် တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒီ တက်ဘလက်အသစ်ဟာ စွမ်းဆောင်ရည် မြင့်မားပြီး Qualcomm Snapdragon 870 Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Realme Pad Review, Pros and Cons: Should you buy? | Smartprix

Chipset က စွမ်းရည်မြင့်ရုံတင်မကဘဲ Resolution မြင့်မားတဲ့ QHD+ LCD , 120Hz Refresh Rate နဲ့ အရွယ်ကြီး 8,360mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ realme ရဲ့ ဒုတိယ ဥက္ကဌ Xu Qi က ဈေးနှုန်းတူတဲ့တန်းထဲမှာ အဲဒီ တက်ဘလက်ဟာ ဘုရင်ပဲလို့ ပြောပါတယ်။ သူက အရိပ်အမြွက်ပဲပြောကြားတာ ဖြစ်ပြီး တက်ဘလက်ရဲ့ ဈေးနှုန်း အတိအကျကို မပြောသေးပါဘူး။ သူက Snapdragon 870 Chipset ပါတဲ့ တက်ဘလက်တွေထဲမှာ ဈေးနှုန်း အချိုသာဆုံးလို့လည်း ပြောပါတယ်။

realme Pad review: First tablet from the brand - Root Nation

အဲဒီ တက်ဘလက်ကို ဒီလမကုန်ခင် တရုတ်ဈေးကွက်မှာ ကြေညာမယ်လို့ ထင်ရပြီး တက်ဘလက်နဲ့အတူ GT Neo3 150W ရဲ့ Naruto Special Edition ကိုပါ မိတ်ဆက်နိုင်ပါတယ်။ realme Pad တက်ဘလက် အသစ်ကို တရုတ်မှာ ကြေညာပြီး သိပ်မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena