realme ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Narzo 20 Series ဖုန်းတွေနဲ့အတူ Android 11 ကို အခြေခံထားတဲ့ realme UI 2.0 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက realme UI 2.0 ဟာ realme X50 Pro 5G ဖုန်းမှာပဲ Early Access Beta Program အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုလည်း realme ရဲ့ Vice President ဖြစ်တဲ့ Xu Qi Chase ကနေ လာမယ့်လအတွင်းမှာ realme ကနေ realme UI 2.0 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ပထမဆုံးအနေနဲ့ realme ကနေ Android 11 ကို အခြေခံထားတဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်လာမှာပါ။

ဒါပေမယ့်လည်း အဆိုပါ realme စမတ်ဖုန်းအသစ်က ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။ realme UI 2.0 ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် Budget နဲ့ Mid Range ဖုန်းတွေထက် Flagship ဒါမှမဟုတ် Highend ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။

realme UI 2.0 ဟာ OPPO ရဲ့ ColorOS 11 နဲ့ ဆင်တူတယ်ဆိုပေမယ့်လည်း Creativity ၊ Productivity နဲ့ Sociability ပိုင်းတွေကို အဓိကအဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ Dark Mode ၊ Privacy Feature တွေမှာလည်း ပြင်ဆင်နိုင်စွမ်းများပြားလာသလို Always-on Display တွေကိုလည်း အသစ် ၅ မျိုးအထိ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Ref – GSM Arena