Huawei ဟာ ဒီလ ၁၀ ရက်နေ့မှာ Wearable ထုတ်ကုန် ၄ မျိူးနဲ့ လက်ပ်တော့ ၂ လုံးတို့ကို ကြေညာတော့မှာပါ။ အဲဒီထဲမှာ ANC ပိုကောင်းလာသလို ဒီဇိုင်းလည်း ဆန်းသစ်ထားတဲ့ Huawei FreeBuds Pro က အဟော့ဆုံး ထုတ်ကုန် ဖြစ်လာမှာပါ။ Huawei မျှဝေထားတဲ့ Teaser မှာ Charging Case ကို အသားပေး ဖော်ပြထားပါတယ်။ အခုတော့ Evleaks က နားကြပ်ရဲ့ ဒီဇိုင်းကို အသေးစိတ်လေ့လာနိုင်တဲ့ ဓါတ်ပုံကို ဖွလိုက်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက လေးထောင့်ပုံ ဒီဇိုင်း ဖြစ်ပြီး အဲဒီဒီဇိုင်းပါမယ်ဆိုတာကို Huawei က ဝီဘိုမှာ ဗီဒီယို ၁ ခုနဲ့ အတည်ပြုထားပါတယ်။ ဗီဒီယိုအရ သင့် ပတ်ဝန်းကျင် အပေါ်မူတည်ပြီး ANC ကို အလိုလို ချိန်ညှိပေးတဲ့ Dynamic Active Noise Cancellation ပါမယ်လို့  ဆိုထားပါတယ်။

FreeBuds Pro ရဲ့ Hands-on ဓါတ်ပုံတွေလည်း ထွက်ပေါ်နေပြီး အထက်က ငွေရောင် မဟုတ်ဘဲ အဖြူရောင် မော်ဒယ် ဖြစ်ပါတယ်။ နားကြပ်မှာ Kirin A1 Chipset , Bluetooth 5.2 နဲ့ ၃ နာရီခွဲ ဘက်ထရီ သက်တမ်းတွေ ပါလာမှာပါ။ Charging Case က ဘက်ထရီနဲ့ဆိုရင် ပိုအသုံးခံမှာပါ။

Huawei ဟာ FreeBuds Pro အပြင် စမတ်နာရီတွေကိုလည်း ချပြမှာပါ။ အဲဒီထဲမှာ Huawei Watch GT2 Pro ပါလာမှာ ဖြစ်ပြီး ပေါက်ကြားလာတဲ့ ဓါတ်ပုံအရ သားရေ လက်ပတ်ကြိုး တပ်ဆင်ထားတာတွေ့ရပါတယ်။ Huawei FreeLace Pro , Huawei Watch Fit တို့ကိုလည်း ကြေညာနိုင်ပြီး လက်ပ်တော့ ၂ လုံးလည်း ပါလာမှာပါ။

Ref : gsmarena