Vivo ဟာ ဒီလကုန်မှာ X60 Series စမတ်ဖုန်း အသစ်တွေကို ချပြတော့မယ်လို့ ထင်ရပါတယ်။ အဲဒီအထဲက ၁ လုံးမှာ Exynos 1080 Chipset ပါလာမှာ ဖြစ်ပြီး Samsung ရဲ့ 5nm 5G SoC ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားနိုင်ပါတယ်။

New revealing vivo X60 Pro live shots surface

အခုတော့ Vivo X60 Pro ရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းဟာ အရင်မျိုးဆက် X50 Pro နဲ့ တူညီနေတာတွေ့ရပေမယ့် အဓိက ပြောင်းလဲမှု ၁ ခုက အရှေ့ဘက်နဲ့ ဆဲလ်ဖီး ကင်မရာ တည်နေရာ ဖြစ်ပါတယ်။

Vivo X60 မှာ ပြားချပ်တဲ့ မျက်နှာပြင်နဲ့ Pro မှာ ဘေးဘက် ကွေးညွှတ်တဲ့ မျက်နှာပြင်တွေ ပါမယ်ဆိုတာ အရင်ကတည်းက သိခဲ့ကြပြီးပါပြီ။ အခု ဓါတ်ပုံ အသစ်တွေအရ အနောက်ဘက်ကို မြင်ရပြီး အရွယ်ကြီး ကင်မရာ ၁ လုံး ပါတာကို မြင်လာရပါတယ်။ အဲဒီအောက်မှာ အရွယ်သေး အပေါက် ၂ ခုနဲ့ လေးထောင့် ကင်မရာ အကွက် အပြင်ဘက်မှာ Flash ကို တွေ့ရပါတယ်။

အမျိုးသမီး ၁ ယောက်ရဲ့ လက်မှာ ကိုင်ထားတဲ့ ဖုန်းဟာ Vivo X50 Pro or Vivo V20 Pro နဲ့ မှားစရာရှိပါတယ်။ ဒါပေမယ့် Flash နဲ့ ပြားချပ်တဲ့ ထိပ်ပိုင်းတွေက ကွဲပြားနေတဲ့အတွက် ဒါဟာ ဖုန်း အသစ်ဆိုတာ သေချာပါတယ်။ လက်ရှိမှာ Chipset က လွဲပြီး X60 Pro ရဲ့ တခြား Specs တွေကို ဘာမှ မသိရသေးပါဘူး။ ဒါပေမယ့် AnTuTu မှာ ၆၂၀,၀၀၀ မှတ်ကျော် ရထားတဲ့အတွက် လက်ရှိ Snapdragon 865 ဖုန်းတွေထက် စွမ်းရည် ပိုလန်းမှာပါ။

Ref : gsmarena