Samsung ဟာ ယခုနှစ်အတွင်းမှာ Galaxy A74 ဖုန်း မိတ်ဆက်မယ့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Galaxy A54 ဖုန်းဟာ ဒီနှစ် Galaxy A Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမှာပါ။

အစောပိုင်းတုန်းက Galaxy A54 ဖုန်းနဲ့ ပတ်သက်ပြီးသတင်းတွေပေါက်ကြားခဲ့သလို အခုလည်း Galaxy A54 မှာပါဝင်လာမယ့် အရောင်တွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။ အခုလိုမျိုး အရောင်တွေပါ သတင်းထွက်လာတာကြောင့် Samsung ဟာ ယခုဇန်နဝါရီလအတွင်းမှာ Galaxy A54 ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မယ်လို့ ယူဆရပါတယ်။

Galaxy A54 ဖုန်းဟာ အရောင် ၄ မျိုးထွက်ရှိလာမှာဖြစ်ပြီး Green ၊ Purple ၊ Black နဲ့ White ဆိုပြီးထွက်ရှိလာမယ်လို့ သိရပါတယ်။ နောက်ထပ် Gradient Design နဲ့ Galaxy A54 အရောင်အသစ်ကိုပါ မိတ်ဆက်လာနိုင်မယ်လို့ သိရပေမယ့် အဆိုပါ အရောင် ၄ မျိုးကတော့ နိုင်ငံတိုင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ Galaxy A54 ဖုန်းဟာ 120Hz Refresh Rate ပါဝင်တဲ့ 6.4″ AMOLED Display ပါဝင်မှာဖြစ်ပြီး 50MP Main Camera ကိုအသုံးပြုထားတဲ့ Triple Camera Setup ကို ထည့်သွင်းပေးထားပါတယ်။ Battery ပိုင်းမှာတော့ 5100mAh Battery ပါဝင်မှာဖြစ်ပြီး 25W Fast Charging ကိုပါ ထောက်ပံ့လာနိုင်ပါတယ်။

မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Galaxy A53 ဖုန်းဟာ Samsung အတွက်ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးဖြစ်ခဲ့သလိုပဲ ယခုနှစ်မှာလည်း Galaxy A54 ဖုန်းက အောင်မြင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena