[Unicode]

Samsung နောက်ထုတ်မယ့် စွမ်းရည်မြင့် Galaxy S20 Series တွေမှာ နည်းပညာ အသစ်များစွာ ပါလာနိုင်ပါတယ်။ အနောက်ကင်မရာတွေက အလန်းဆုံး အစိတ်အပိုင်းတွေဖြစ်လာမှာပါ။ အခုတော့ အနောက်ကင်မရာတွေရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြိး အရင်ကမြင်ဖူးနေကျ မဟုတ်တဲ့ ကင်မရာ ဒီဇိုင်း ထည့်သွင်းထားပါတယ်။

နာမည်ကျော် Leakster ဖြစ်သူ Ishan Agarwal က S20 Ultra ရဲ့ အနောက်ကင်မရာ ဓါတ်ပုံကို တွစ်တာမှာ မျှဝေလိုက်ပြီး Dual-tone Housing ပါလာပါတယ်။ လေးထောင့် ကင်မရာ အကွက်ဟာ အနက်ရောင်ဖြစ်ပြီး အောက်ဘက်မှာ အညိုရောင်ကို တွေ့ရပါတယ်။ အနောက်ဘက်မှာ 108MP Main , 12MP Ultrawide နဲ့ ToF Sensor တွေ ထည့်သွင်းထားနိုင်ပါတယ်။

အဲဒီ အလန်းစား ကင်မရာတွေ အပြင် 48MP Periscope Telephoto ကင်မရာက 10x Optical နဲ့ 100x Digital Zoom တွေကို ထောက်ပံ့ပေးတဲ့အတွက် တော်တော် မိုက်မှာပါ။ ဓါတ်ပုံအရ Samsung ဟာ Periscope ကင်မရာ ဘေးမှာ 100x စာသားနဲ့ Marketing Name ကိုပါ ရေးထွင်းထားမယ်လို့ သိရပါတယ်။

အဲဒီ ဒီဇိုင်း အသစ်ကို IceUniverse နဲ့ ကိုရီးယား ဒီဇိုင်နာ MINU ကလည်း အတည်ပြုထားပြီးပါပြီ။ အဲဒီအတွက် S20 Ultra ဟာ ဒီ ဒီဇိုင်းအတွက် ပွဲထွက်လာဖို့ ရာခိုင်နှုန်းများပါတယ်။ Samsung က လာမယ့်လ ၁၁ ရက်နေ့မှာ Galaxy S20 Series တွေအတွက် Unpacked Event ကို ကျင်းပမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy S20 Ultra ရဲ႕ ကင္မရာ ဒီဇိုင္းကို သိရၿပီ

Samsung ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ Galaxy S20 Series ေတြမွာ နည္းပညာ အသစ္မ်ားစြာ ပါလာႏိုင္ပါတယ္။ အေနာက္ကင္မရာေတြက အလန္းဆုံး အစိတ္အပိုင္းေတြျဖစ္လာမွာပါ။ အခုေတာ့ အေနာက္ကင္မရာေတြရဲ႕ ဓါတ္ပုံေတြထြက္ေပၚလာၿပိး အရင္ကျမင္ဖူးေနက် မဟုတ္တဲ့ ကင္မရာ ဒီဇိုင္း ထည့္သြင္းထားပါတယ္။

နာမည္ေက်ာ္ Leakster ျဖစ္သူ Ishan Agarwal က S20 Ultra ရဲ႕ အေနာက္ကင္မရာ ဓါတ္ပုံကို တြစ္တာမွာ မွ်ေဝလိုက္ၿပီး Dual-tone Housing ပါလာပါတယ္။ ေလးေထာင့္ ကင္မရာ အကြက္ဟာ အနက္ေရာင္ျဖစ္ၿပီး ေအာက္ဘက္မွာ အညိဳေရာင္ကို ေတြ႕ရပါတယ္။ အေနာက္ဘက္မွာ 108MP Main , 12MP Ultrawide နဲ႔ ToF Sensor ေတြ ထည့္သြင္းထားႏိုင္ပါတယ္။

အဲဒီ အလန္းစား ကင္မရာေတြ အျပင္ 48MP Periscope Telephoto ကင္မရာက 10x Optical နဲ႔ 100x Digital Zoom ေတြကို ေထာက္ပံ့ေပးတဲ့အတြက္ ေတာ္ေတာ္ မိုက္မွာပါ။ ဓါတ္ပုံအရ Samsung ဟာ Periscope ကင္မရာ ေဘးမွာ 100x စာသားနဲ႔ Marketing Name ကိုပါ ေရးထြင္းထားမယ္လို႔ သိရပါတယ္။

အဲဒီ ဒီဇိုင္း အသစ္ကို IceUniverse နဲ႔ ကိုရီးယား ဒီဇိုင္နာ MINU ကလည္း အတည္ျပဳထားၿပီးပါၿပီ။ အဲဒီအတြက္ S20 Ultra ဟာ ဒီ ဒီဇိုင္းအတြက္ ပြဲထြက္လာဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။ Samsung က လာမယ့္လ ၁၁ ရက္ေန႔မွာ Galaxy S20 Series ေတြအတြက္ Unpacked Event ကို က်င္းပမွာ ျဖစ္ပါတယ္။

Ref : gsmarena