Qualcomm ဟာ Entry Level ဟန်းဆက်တွေအတွက် Snapdragon 6 စီးရီး မိသားစုဝင် ချစ်ပ်ဆက်သစ်ကို မိတ်ဆက်သွားဖို့ရှိနေပြီး ယနေ့မှာတော့ မော်ဒယ်နံပါတ် sm6350 လို့ ဖော်ပြထားတဲ့ အဆိုပါ SoC အသစ်ဟာ 5G နက်ဝပ်လည်း အသုံးပြုနိုင်မယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

Sm6350 ဟာ Octa-core CPU ဖြစ်ပြီး 2.25GHz နဲ့ Core အကြီးနှစ်ခုကို စွမ်းအင်စားသက်သာတဲ့ 1.8GHz Core ခြောက်ခုနဲ့ တွဲထားမှာပါ။ ဒီချစ်ပ်ဆက်မှာ Adreno 615 GPU ကို အသုံးပြုထားမှာဖြစ်ပြီး ၂၀၂၀ ဒုတိယသုံးလပတ်မကုန်ခင် ထွက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

တချိန်တည်းမှာပဲ MediaTek နဲ့ Huawei တို့ကလည်း သူတို့ကိုယ်ပိုင်ဘတ်ဂျက် 5G ချစ်ပ်ဆက်တွေဖြစ်တဲ့ MT6853 5G နဲ့ Kirin 720 5G တို့ကို မိတ်ဆက်လာဖို့ရှိနေပါတယ်။ Samsung ရဲ့ Exynos 880 5G ကလည်း ဘတ်ဂျက် 5G SoC ပဲဖြစ်ပြီး မကြာခင်မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Ref – GSMArena