Qualcomm ကနေ အခုအချိန်မှာ လာမယ့် ၂၀၂၁ ခုနှစ်မှာထွက်ရှိလာမယ့် Flagship ဖုန်းတွေအတွက် Snapdragon 888 Chipset အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော High End စမတ်ဖုန်းတွေအတွက် Chipset အသစ်ကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

လောလောဆယ်မှာ Qualcomm ကနေ High End စမတ်ဖုန်းတွေအတွက် Snapdragon 765G နဲ့ 768G လိုမျိုး Chipset တွေကိုပဲ ထုတ်လုပ်ထားသေးတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Snapdragon 888 Chipset နဲ့အတူ Snapdragon 775 Chipset ကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ အတူမိတ်ဆက်သွားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရတော့ Qualcomm ကနေ လာမယ့် ၂၀၂၁ နှစ်စပိုင်းဖြစ်တဲ့ ပထမဆုံး ၃ လပတ်အတွင်းမှာ Snapdragon 7-Series Chipset အသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Chipset ကိုတော့ Snapdragon 775G လို့ခေါ်ဆိုမလား၊ ဒါမှမဟုတ် Snapdragon 777 လို့ ခေါ်ဆိုမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Digital Chat Station ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Snapdragon 7-Series Chipset အသစ်ဟာ မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ 6nm Architecture ကို အခြေခံထားတဲ့ MediaTek MT6893 Chipset နဲ့ Samsung ရဲ့ 5nm Exynos 1080 Chipset တွေကို တိုက်ရိုက်ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။ လောလောဆယ်သိရှိရတဲ့သတင်းတွေအရ Snapdragon 7-Series Chipset အသစ်ဟာ 6nm Architecture ကို အခြေခံထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Exynos 1080 Chipset ကို အသုံးပြုထားတဲ့ Vivo X60 Series ဖုန်းတွေကို ယခုလအတွင်းမှာ မိတ်ဆက်မှာဖြစ်သလို MediaTek ကလည်း MT6893 Chipset ကို ယခုလအတွင်းမှာ မိတ်ဆက်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Qualcomm အနေနဲ့ Snapdragon 7-Series Chipset အသစ်က ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China