[Unicode]

Sony ဟာ သူ့ရဲ့ Xperia Compact သစ် ကို လာမယ့်ရက်သတ္တပတ်တွေထဲမှာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ဆိုရမှာပါ။ Sony အနေနဲ့ Xperia မော်ဒယ်တိုင်းအတွက် Compact အမျိုးကွဲကိုလည်း မိတ်ဆက်လေ့ရှိတာကြောင့် ဒီ ၂၀၁၉ အတွက်လည်း အစဉ်အလာမပျက် Compact သစ်ထွက်လာမယ်လို့ ဆိုရတာပါ။

ထွက်ခဲ့ပြီးတဲ့ Xperia Compact ဖုန်းတွေမှာတော့ Xperia X Compact, Xperia XZ2 Compact နဲ့ Xperia XZ1 Compact စတာတွေပါဝင်ပါတယ်။ မျိုးဆက်သစ် Compact ဖုန်းကတော့ 5.5-inch မျက်နှာပြင်နဲ့ Mid-range Qualcomm Snapdragon 665 Processor ပါဝင်မယ်လို့ သိရပါတယ်။ ဒီတော့ Sony ရဲ့ Compact သစ်ဟာ Mid-range အမျိုးအစားပဲဖြစ်မယ်ဆိုတာ သေချာသွားပါပြီ။

Sony ဟာ ဆက်လက်ရှင်သန်နေဆဲပါ။ ဒါပေမယ့် မိုလ်ဘိုင်းအမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရှင်သန်ဖို့တော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မိခင်ကုမ္ပဏီကြီးကလည်း သူ့အမှတ်တံဆိပ်ကို မိုလ်ဘိုင်းဖုန်းနယ်ပယ်မှာ ဆက်ပြီးကျန်ရှိနေဖို့ အားထုတ်နေတုန်းပါ။ ဒါကြောင့်လည်း Sony အမှတ်တံဆိပ်နဲ့စမတ်ဖုန်းသစ်တွေ ဆက်လက်ထွက်ရှိနေသေးတာ ဖြစ်ပါတယ်။

Sony Xperia ပရီမီယံ Flagship နဲ့ Mid-range အတော်များများကို လာမယ့် ၂၀၂၀ မှာ ထုတ်လုပ်ရောင်းချဖို့ အဆင်သင့် ပြင်ထားတယ်လို့ သိရပါတယ်။ Xperia Compact ကလည်း ကောလာဟလထဲမှာ တစ်ခုအဖြစ် ပါဝင်ပါတယ်။ လာမယ့် Mobile World Congress (MWC 2020) မှာ ထုတ်ကုန်သစ်တွေကို စတင်ပြီး မိတ်ဆက်မယ်လို့ ကြားသိထားရပါတယ်။

Sony Xperia Compact သစ်ဟာ Sony ရဲ့ ဖုန်းသစ်တွေအတိုင်း 21:9 မျက်နှာပြင်အချိုးပဲ ဖြစ်လာနိုင်ပါတယ်။ အခုအချိန်ထိတွေ့ရတာကတော့ Compact သစ်ဟာ 138 x 60mm dimensions ဖြစ်ပါတယ်။ ကျန်တဲ့အချက်အလက် အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒီ Compact သစ်ဟာ ရုန်းကန်နေရတဲ့ Sony Mobile ရဲ့အခြေအနေကို အထောက်အကူပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: Android Community

[Zawgyi]

Sony ရဲ႕ Mid-range သစ္အျဖစ္ မၾကာခင္ ထြက္ေပၚလာႏိုင္တဲ့ Xperia Compact

Sony ဟာ သူ႔ရဲ႕ Xperia Compact သစ္ ကို လာမယ့္ရက္သတၱပတ္ေတြထဲမွာ မိတ္ဆက္သြားဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။ Sony အေနနဲ႔ Xperia ေမာ္ဒယ္တိုင္းအတြက္ Compact အမ်ိဳးကြဲကိုလည္း မိတ္ဆက္ေလ့ရွိတာေၾကာင့္ ဒီ ၂၀၁၉ အတြက္လည္း အစဥ္အလာမပ်က္ Compact သစ္ထြက္လာမယ္လို႔ ဆိုရတာပါ။

ထြက္ခဲ့ၿပီးတဲ့ Xperia Compact ဖုန္းေတြမွာေတာ့ Xperia X Compact, Xperia XZ2 Compact နဲ႔ Xperia XZ1 Compact စတာေတြပါဝင္ပါတယ္။ မ်ိဳးဆက္သစ္ Compact ဖုန္းကေတာ့ 5.5-inch မ်က္ႏွာျပင္နဲ႔ Mid-range Qualcomm Snapdragon 665 Processor ပါဝင္မယ္လို႔ သိရပါတယ္။ ဒီေတာ့ Sony ရဲ႕ Compact သစ္ဟာ Mid-range အမ်ိဳးအစားပဲျဖစ္မယ္ဆိုတာ ေသခ်ာသြားပါၿပီ။

Sony ဟာ ဆက္လက္ရွင္သန္ေနဆဲပါ။ ဒါေပမယ့္ မိုလ္ဘိုင္းအမွတ္တံဆိပ္တစ္ခုအျဖစ္ ဆက္လက္ရွင္သန္ဖို႔ေတာ့ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။ မိခင္ကုမၸဏီႀကီးကလည္း သူ႔အမွတ္တံဆိပ္ကို မိုလ္ဘိုင္းဖုန္းနယ္ပယ္မွာ ဆက္ၿပီးက်န္ရွိေနဖို႔ အားထုတ္ေနတုန္းပါ။ ဒါေၾကာင့္လည္း Sony အမွတ္တံဆိပ္နဲ႔စမတ္ဖုန္းသစ္ေတြ ဆက္လက္ထြက္ရွိေနေသးတာ ျဖစ္ပါတယ္။

Sony Xperia ပရီမီယံ Flagship နဲ႔ Mid-range အေတာ္မ်ားမ်ားကို လာမယ့္ ၂၀၂၀ မွာ ထုတ္လုပ္ေရာင္းခ်ဖို႔ အဆင္သင့္ ျပင္ထားတယ္လို႔ သိရပါတယ္။ Xperia Compact ကလည္း ေကာလာဟလထဲမွာ တစ္ခုအျဖစ္ ပါဝင္ပါတယ္။ လာမယ့္ Mobile World Congress (MWC 2020) မွာ ထုတ္ကုန္သစ္ေတြကို စတင္ၿပီး မိတ္ဆက္မယ္လို႔ ၾကားသိထားရပါတယ္။

Sony Xperia Compact သစ္ဟာ Sony ရဲ႕ ဖုန္းသစ္ေတြအတိုင္း 21:9 မ်က္ႏွာျပင္အခ်ိဳးပဲ ျဖစ္လာႏိုင္ပါတယ္။ အခုအခ်ိန္ထိေတြ႕ရတာကေတာ့ Compact သစ္ဟာ 138 x 60mm dimensions ျဖစ္ပါတယ္။ က်န္တဲ့အခ်က္အလက္ အေသးစိတ္ကေတာ့ မသိရေသးပါဘူး။ ဒီ Compact သစ္ဟာ ႐ုန္းကန္ေနရတဲ့ Sony Mobile ရဲ႕အေျခအေနကို အေထာက္အကူေပးႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Android Community