[Unicode]

စမတ်ဖုန်း စကရင်ကနေ ထွက်တဲ့ Blue Light ဟာ လူတွေ အိပ်စက်တာကို အန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက်တွေကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့ဖုန်းတွေမှာ Blue Light ကို လျှော့ချပေးတဲ့ Blue Light Filter တွေကို ထည့်သွင်းပေးနေကြပါတယ်။ အခုတော့ သုတေသန စစ်တမ်း အသစ် ၁ ခုအရ Blue Light ထက် Blue Light Filter တွေဟာ လူတွေ အိပ်စက်တာကို ပို အန္တရာယ် ဖြစ်စေတယ်လို့ သိရပါတယ်။ အဲဒီ သုတေသနစစ်တမ်းကို မန်ချက်စတာ တက္ကသိုလ်က ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အရင် သုတေသန စစ်တမ်းတွေအရ စမတ်ဖုန်း၊ တီဗီတွေကနေ ထွက်တဲ့ Blue Light ဟာ အိပ်စက်စေတဲ့ မီလာတိုနင် ဟော်မုန်း ထုတ်လုပ်တာကို လျော့ကျစေတယ်လို့ သိခဲ့ကြပါတယ်။ မန်ချက်စတာ တက္ကသိုလ်ရဲ့ စစ်တမ်း အသစ်ကတောာ့ ဒါဟာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ မန်ချက်စတာ တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့ပြီး စစ်တမ်း အသစ်ကို ပြုစုခဲ့တာ ဖြစ်ပါတယ်။

ပညာရှင်တွေက အရောင်မျိုးစုံကို ကြွက်တွေအား ပြသခဲ့ပြီး ရလဒ်တွေကို လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ Blue Light ထက် Yellow Light တွေကို မျက်လုံးက တုန့်ပြန်မှု ပိုရှိတယ်လို့ သိခဲ့ကြပါတယ်။ သဘောကတော့ Blue Light Filter ဟာ လူတွေ အိပ်မပျော်အောင် ပိုပြီး လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။

တစ်ခု မှတ်ထားရမှာက ဒီစမ်းသပ်ချက်ကို ကြွက်တွေနဲ့ ပြုလုပ်တာ ဖြစ်ပြီး လူတွေနဲ့ မစမ်းသပ်ရသေးပါဘူး။ ဒီစမ်းသပ်ချက်ဟာ မှန်ကန်မှု မရှိဘူးဆိုရင်တောင် ဖုန်း အလွန်အကျွံ သုံးတာဟာ အဝလွန်ခြင်းလို တခြား ဆိုးကျိုးတွေရှိတယ်ဆိုတဲ့ သုတေသန စစ်တမ်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် ဖုန်း အလွန်အကျွံ သုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။

Ref : gizmochina

[Zawgyi]

Blue Light ထက္ Blue Light Filter ေတြဟာ လူေတြ အိပ္စက္တာကို ပိုအႏၱရာယ္ ျဖစ္ေစတယ္လို႔ စစ္တမ္းအသစ္က ဆို

စမတ္ဖုန္း စကရင္ကေန ထြက္တဲ့ Blue Light ဟာ လူေတြ အိပ္စက္တာကို အႏၱရာယ္ ျဖစ္ေစတယ္ဆိုတဲ့ ေတြ႕ရွိခ်က္ေတြေၾကာင့္ ကုမၸဏီေတြဟာ သူတို႔ရဲ႕ဖုန္းေတြမွာ Blue Light ကို ေလွ်ာ့ခ်ေပးတဲ့ Blue Light Filter ေတြကို ထည့္သြင္းေပးေနၾကပါတယ္။ အခုေတာ့ သုေတသန စစ္တမ္း အသစ္ ၁ ခုအရ Blue Light ထက္ Blue Light Filter ေတြဟာ လူေတြ အိပ္စက္တာကို ပို အႏၱရာယ္ ျဖစ္ေစတယ္လို႔ သိရပါတယ္။ အဲဒီ သုေတသနစစ္တမ္းကို မန္ခ်က္စတာ တကၠသိုလ္က ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

အရင္ သုေတသန စစ္တမ္းေတြအရ စမတ္ဖုန္း၊ တီဗီေတြကေန ထြက္တဲ့ Blue Light ဟာ အိပ္စက္ေစတဲ့ မီလာတိုနင္ ေဟာ္မုန္း ထုတ္လုပ္တာကို ေလ်ာ့က်ေစတယ္လို႔ သိခဲ့ၾကပါတယ္။ မန္ခ်က္စတာ တကၠသိုလ္ရဲ႕ စစ္တမ္း အသစ္ကေတာာ့ ဒါဟာ မဟုတ္ပါဘူးလို႔ ဆိုပါတယ္။ မန္ခ်က္စတာ တကၠသိုလ္မွ သုေတသနပညာရွင္ေတြက ၾကြက္ေတြနဲ႔ စမ္းသပ္ေလ့လာခဲ့ၿပီး စစ္တမ္း အသစ္ကို ျပဳစုခဲ့တာ ျဖစ္ပါတယ္။

ပညာရွင္ေတြက အေရာင္မ်ိဳးစံုကို ၾကြက္ေတြအား ျပသခဲ့ၿပီး ရလဒ္ေတြကို ေလ့လာခဲ့ၾကပါတယ္။ အဲဒီအခါမွာ Blue Light ထက္ Yellow Light ေတြကို မ်က္လံုးက တုန္႔ျပန္မႈ ပိုရွိတယ္လို႔ သိခဲ့ၾကပါတယ္။ သေဘာကေတာ့ Blue Light Filter ဟာ လူေတြ အိပ္မေပ်ာ္ေအာင္ ပိုၿပီး လႈံ႕ေဆာ္ေပးတာ ျဖစ္ပါတယ္။

တစ္ခု မွတ္ထားရမွာက ဒီစမ္းသပ္ခ်က္ကို ၾကြက္ေတြနဲ႔ ျပဳလုပ္တာ ျဖစ္ၿပီး လူေတြနဲ႔ မစမ္းသပ္ရေသးပါဘူး။ ဒီစမ္းသပ္ခ်က္ဟာ မွန္ကန္မႈ မရွိဘူးဆိုရင္ေတာင္ ဖုန္း အလြန္အကြ်ံ သံုးတာဟာ အ၀လြန္ျခင္းလို တျခား ဆိုးက်ိဳးေတြရွိတယ္ဆိုတဲ့ သုေတသန စစ္တမ္းေတြလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီအတြက္ ဖုန္း အလြန္အကြ်ံ သံုးတာကို ေရွာင္ၾကဥ္သင့္ပါတယ္။

Ref : gizmochina