လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ဟာလည်း သုံးစွဲသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့အတွေ့အကြုံတွေဖန်တီးပေးဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လတုန်းက Twitter ရဲ့ Update မှာ စကားပြောဆိုမှုတွေကို ဘယ်လိုပြသတယ်၊ သတင်းတုတွေ ဘယ်လိုပြသတယ်ဆိုတာတွေနဲ့ ဆက်စပ်တာတွေကို တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ Twitter ဟာ စကားပြောဆိုမှုပုံစံတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ဖို့အတွက် Layout အသစ်ကို ထုတ်ပေးခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာ ဘယ်သူက ဘယ်သူ့ကိုစကားပြောဆိုနေတယ်ဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်တွေ့လာရစေပါတယ်။

ဒါ့အပြင် Twitter ဟာ Feature သစ်အဖြစ် “Conversation Participants” ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ သတ်မှတ်ထားတဲ့ Group user တွေဟာ တစ်ယောက်ရဲ့ Tweet ကိုပဲ reply ပြန်နိုင်မှာ ဖြစ်ပါတယ်။ မကြာခင်ကလည်း Twitter ဟာ အခြားဆိုရှယ်မီဒီယာတွေနဲ့ချိတ်ဆက်ပြီး COVID-19 နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ခွဲထုတ်ပြီး ယုံကြည်ရတဲ့ ရင်းမြစ်တွေကိုပဲ ဦးတည်အောင် ပြုလုပ်ခဲ့ပါတယ်။

အခုပေါက်ကြားလာတဲ့သတင်းအရ Twitter ဟာ အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုကို ဖော်ဆောင်ပေးဖို့အတွက် Tweet Rection ကို လုပ်ဆောင်နေတယ်လို့ ဆိုရပါလိမ့်မယ်။ Jane Manchun Wong ရဲ့အဆိုအရ ဒီလုပ်ဆောင်ချက်ဟာ Facebook နဲ့ ခပ်ဆင်ဆင်တူနေတာကို တွေ့မြင်ရပါတယ်။

Reply ပြန်သူအနေနဲ့ သမားရိုးကျအတိုင်း စာသားနဲ့ပဲတုံ့ပြန်မယ့်အစား ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဖော်ပြပေးမယ့် Reaction Emojis တွေကို အသုံးပြုပြီး ပြန်နိုင်မယ်လို့ ဆိုပါတယ်။ ပုံမှန် Reaction Emojis တွေဖြစ်တဲ့ ရယ်မောတာ၊ ငိုကြွေးတာ၊ လက်မထောင်တာ၊ အသည်းပုံ စတာတွေအပါအဝင် အခြားသင်္ကေတတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

Ref: Phone Arena