Unicode

X30 နဲ့ X30 Pro တို့လို ထုတ်ကုန်အကြမ်းတွေ ချပြပြီးပေမယ့် Vivo အနေနဲ့ နောက်ထပ်ခြေလှမ်းကြီးတစ်ခု ထပ်လှမ်းဦးမယ့်ပုံရှိပါတယ်။ ယခုတလော ထွက်ပေါ်လာတဲ့ မော်ဒယ်နံပါတ် V1950A နဲ့ V1955A ဟန်းဆက်အသစ် နှစ်ခုက သက်သေပါပဲ။

V1950A ဟန်းဆက်ကတော့ အတည်ပြုချက်အချို့ကို ရယူခဲ့ပြီး iQOO 3 5G အဖြစ် ထွက်ရှိလာမယ်လို့ အရင်ဆုံး သိခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ထပ်ထွက်လာတဲ့ သတင်းတစ်ချို့ကတော့ ဒီဖုန်းဟာ Vivo Nex 3 5G အမည်ဖြင့်သာ ထွက်ရှိလာမယ်လို့လည်း ဆိုနေတာကြောင့် iQOO 3 5G အမည်ဟာ တခြားဟန်းဆက်အတွက် ဖြစ်လာနိုင်ပါတယ်။

အခု အသစ်တွေ့ရတဲ့ V1955A ဖုန်းဟာ Gaming ဦးစားပေး iQOO 3 5G အနေနဲ့ ထွက်လာနိုင်တယ်လို့ ယူဆရပါတယ်။ TENAA အတည်ပြုချက်မှာ တွေ့ရတဲ့ ပုံထဲမှာ 55W Charger တစ်ခုကိုပါ မြင်တွေ့ခဲ့ရတဲ့အတွက် စွမ်းအားမြင့် Gaming ဖုန်းလို့ ပိုယူဆချင်စရာဖြစ်လာတာပါ။ တကယ်လို့သာ 55W Fast Charging နဲ့ထွက်လာခဲ့ရင် Vivo ဖုန်းတွေထဲမှာ စံချိန်တင်ဖြစ်ပြီး iQOO လို Monster အမှတ်တံဆိပ်ခွဲအတွက် သင့်လျှော်တဲ့အရာသာဖြစ်ပါတယ်။

လောလောဆယ်တော့ V1955A အတွက် အခြား Specs တွေနဲ့ တန်ဖိုး စတာတွေကို မသိရသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံအတွင်းက အတည်ပြုချက်တွေ ရယူပြီးပြီဆိုရင်တော့ တရုတ်ပြည်တွင်းဈေးကွက်မှာ အလျှင်အမြန် မြင်တွေ့လာရနိုင်ပါတယ်။ ဒါ့အပြင် လာမယ့် MWC 2020 ပွဲမှာလည်း Vivo က APEX Concept ဖုန်းအသစ်တစ်လုံး ပြဖို့ရှိတော့ ဒီဟန်းဆက်ပဲ ဖြစ်လာနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။

Ref – GSM Arena

Zawgyi

X30 နဲ႔ X30 Pro တုိ႔လို ထုတ္ကုန္အၾကမ္းေတြ ခ်ျပၿပီးေပမယ့္ Vivo အေနနဲ႔ ေနာက္ထပ္ေျခလွမ္းႀကီးတစ္ခု ထပ္လွမ္းဦးမယ့္ပုံရွိပါတယ္။ ယခုတေလာ ထြက္ေပၚလာတဲ့ ေမာ္ဒယ္နံပါတ္ V1950A နဲ႔ V1955A ဟန္းဆက္အသစ္ ႏွစ္ခုက သက္ေသပါပဲ။

V1950A ဟန္းဆက္ကေတာ့ အတည္ျပဳခ်က္အခ်ဳိ႕ကို ရယူခဲ့ၿပီး iQOO 3 5G အျဖစ္ ထြက္ရွိလာမယ္လို႔ အရင္ဆုံး သိခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ ထပ္ထြက္လာတဲ့ သတင္းတစ္ခ်ဳိ႕ကေတာ့ ဒီဖုန္းဟာ Vivo Nex 3 5G အမည္ျဖင့္သာ ထြက္ရွိလာမယ္လို႔လည္း ဆုိေနတာေၾကာင့္ iQOO 3 5G အမည္ဟာ တျခားဟန္းဆက္အတြက္ ျဖစ္လာႏုိင္ပါတယ္။

အခု အသစ္ေတြ႕ရတဲ့ V1955A ဖုန္းဟာ Gaming ဦးစားေပး iQOO 3 5G အေနနဲ႔ ထြက္လာႏုိင္တယ္လို႔ ယူဆရပါတယ္။ TENAA အတည္ျပဳခ်က္မွာ ေတြ႕ရတဲ့ ပုံထဲမွာ 55W Charger တစ္ခုကိုပါ ျမင္ေတြ႕ခဲ့ရတဲ့အတြက္ စြမ္းအားျမင့္ Gaming ဖုန္းလုိ႔ ပိုယူဆခ်င္စရာျဖစ္လာတာပါ။ တကယ္လုိ႔သာ 55W Fast Charging နဲ႔ထြက္လာခဲ့ရင္ Vivo ဖုန္းေတြထဲမွာ စံခ်ိန္တင္ျဖစ္ၿပီး iQOO လို Monster အမွတ္တံဆိပ္ခြဲအတြက္ သင့္ေလွ်ာ္တဲ့အရာသာျဖစ္ပါတယ္။

ေလာေလာဆယ္ေတာ့ V1955A အတြက္ အျခား Specs ေတြနဲ႔ တန္ဖိုး စတာေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ တရုတ္ႏုိင္ငံအတြင္းက အတည္ျပဳခ်က္ေတြ ရယူၿပီးၿပီဆုိရင္ေတာ့ တရုတ္ျပည္တြင္းေစ်းကြက္မွာ အလွ်င္အျမန္ ျမင္ေတြ႕လာရႏုိင္ပါတယ္။ ဒါ့အျပင္ လာမယ့္ MWC 2020 ပြဲမွာလည္း Vivo က APEX Concept ဖုန္းအသစ္တစ္လုံး ျပဖုိ႔ရွိေတာ့ ဒီဟန္းဆက္ပဲ ျဖစ္လာႏုိင္တာကိုလည္း ေမ့ထားလုိ႔မရပါဘူး။

Ref – GSM Arena