[Unicode]

Vivo X30 ကြေညာမယ့် နေ့ကို ကုမ္ပဏီက မပြောသေးပေမယ့် အဲဒီဖုန်းရဲ့ Teaser တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း Promo Video ၃ ခုကို ပြသလိုက်ပြီး Camera သတင်းအချက်အလက်တွေကို ပိုသိလာရပါပြီ။ အဲဒီဖုန်းမှာ 5x Periscope Zoom Camera အပြင် သီးခြား Portrait Camera ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Vivo က Professional Camera တွေရဲ့ 50mm Shots တွေကို ယှဉ်နိုင်တယ်လို့ ပြောပါတယ်။

ဒုတိယ Video မှာ Periscope Super-telephoto Lens အကြောင်းကို သတင်းပေးထားပါတယ်။ ပါတီပွဲ ၁ ခုမှာ အဝေးက ဆော်တစ်ဗွေကို ဘဲတစ်ဗွေက ထင်ထင်ရှားရှားမြင်ရတဲ့ပုံစံကို ပြသထားပါတယ်။ Vivo က X30 ရဲ့ Camera ဟာ အဝေးက ပုံရိပ်တွေကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား ဖမ်းယူပေးနိုင်တယ်လို့ ဆိုလိုချင်တာပါ။ Live Focus ရဲ့ စွမ်းရည်ကိုလည်း ချပြလိုက်တာ ဖြစ်ပြီး “ Vivo X30 နဲ့ဆိုရင် အရာရာတိုင်းကို အမြဲတမ်း Focus လုပ်နိုင်တယ်။” လို့ ရေးသားထားပါတယ်။

တတိယ Video မှာ 60x Zoom စွမ်းရည်ကို ပြသထားပါတယ်။ လူ ၁ ယောက်က မြင့်မားတဲ့ ပင်လယ်ကျောက်ဆောင်အထက်ကနေ ပင်လယ်ပြင်ကို ခုန်ချတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ ဒါပေမယ့် တကယ် ခုန်ချတာ မဟုတ်ဘဲ ဖုန်းရဲ့ 1x Zoom ကနေ 60x Zoom ကို ပြောင်းတဲ့အခါ မြင်ရတဲ့ မြင်ကွင်းကို ပြသထားတာပါ။

အဲဒီ Video တွေကို တရုတ် တီဗီ ရုပ်သံလိုင်းမှာ ပြသထားပြီး လူတွေ စိတ်ဝင်စားအောင် ပြုလုပ်နေပါတယ်။ ဖုန်း မိတ်ဆက်မယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် Exynos 980 Chipset နဲ့ 5G Modem ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ Camera ၄ လုံး ထည့်သွင်းထားပြီး Funtouch OS အစား JoviOS ပါလာမှာပါ။

Ref : gsmarena

[Zawgyi]

Professional 50mm Shots ေတြကို ယွဥ္ႏိုင္မယ့္ Vivo X30 ရဲ႕ Portrait Camera

Vivo X30 ေၾကညာမယ့္ ေန႔ကို ကုမၸဏီက မေျပာေသးေပမယ့္  အဲဒီဖုန္းရဲ႕ Teaser ေတြကို မၾကာခဏ မွ်ေ၀ေနပါတယ္။ အခုလည္း Promo Video ၃ ခုကို ျပသလိုက္ၿပီး Camera သတင္းအခ်က္အလက္ေတြကို ပိုသိလာရပါၿပီ။ အဲဒီဖုန္းမွာ 5x Periscope Zoom Camera အျပင္ သီးျခား Portrait Camera ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Vivo က Professional Camera ေတြရဲ႕ 50mm Shots ေတြကို ယွဥ္ႏုိင္တယ္လို႔ ေျပာပါတယ္။

ဒုတိယ Video မွာ Periscope Super-telephoto Lens အေၾကာင္းကို သတင္းေပးထားပါတယ္။ ပါတီပြဲ ၁ ခုမွာ အေ၀းက  ေဆာ္တစ္ေဗြကို ဘဲတစ္ေဗြက ထင္ထင္ရွားရွားျမင္ရတဲ့ပံုစံကို ျပသထားပါတယ္။ Vivo က X30 ရဲ႕ Camera ဟာ အေ၀းက ပံုရိပ္ေတြကို ၾကည္ၾကည္လင္လင္ျပတ္ျပတ္သားသား ဖမ္းယူေပးႏိုင္တယ္လို႔ ဆိုလိုခ်င္တာပါ။ Live Focus ရဲ႕ စြမ္းရည္ကိုလည္း ခ်ျပလိုက္တာ ျဖစ္ၿပီး “ Vivo X30 နဲ႔ဆိုရင္ အရာရာတိုင္းကို အၿမဲတမ္း Focus လုပ္ႏုိင္တယ္။” လို႔ ေရးသားထားပါတယ္။

တတိယ Video မွာ 60x Zoom စြမ္းရည္ကို ျပသထားပါတယ္။ လူ ၁ ေယာက္က ျမင့္မားတဲ့ ပင္လယ္ေက်ာက္ေဆာင္အထက္ကေန ပင္လယ္ျပင္ကို ခုန္ခ်တဲ့ ျမင္ကြင္းကို ေတြ႕ရပါတယ္။ ဒါေပမယ့္ တကယ္ ခုန္ခ်တာ မဟုတ္ဘဲ ဖုန္းရဲ႕ 1x Zoom ကေန 60x Zoom ကို ေျပာင္းတဲ့အခါ ျမင္ရတဲ့ ျမင္ကြင္းကို ျပသထားတာပါ။

အဲဒီ Video ေတြကို တရုတ္ တီဗီ ရုပ္သံလိုင္းမွာ ျပသထားၿပီး လူေတြ စိတ္၀င္စားေအာင္ ျပဳလုပ္ေနပါတယ္။ ဖုန္း မိတ္ဆက္မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ဒါေပမယ့္ Exynos 980 Chipset နဲ႔ 5G Modem ပါလာမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ Camera  ၄ လံုး ထည့္သြင္းထားၿပီး Funtouch OS အစား JoviOS ပါလာမွာပါ။

Ref : gsmarena