[Zawgyi]

Xiaomi ရဲ႕ 12.5-inch Mi Notebook Air new version ဟာ ၿပီးခဲ့တဲ့ရက္တုန္းကပဲ ကုမၸဏီရဲ႕ တရားဝင္အေကာင့္ကေနတစ္ဆင့္ ေပၚထြက္လာခဲ့ပါတယ္။ Mi ရဲ႕ Teaser poster မွာ ေတြ႕ျမင္ရတဲ့ရက္အတိုင္းဆိုရင္ေတာ့ ဒီ Notebook Air ကို မတ္လ ၂၆ ရက္ေန႔မွာ မိတ္ဆက္သြားဖြယ္ရွိေနတာပါ။

Teaser ႐ုပ္ပုံမွာ 1.07kg ကိန္းဂဏန္းကိုလည္း ျမင္ေတြ႕ရပါတယ္။ ဒါဟာ လက္ရွိ Notebook ေမာ္ဒယ္ရဲ႕ အေလးခ်ိန္လည္း ျဖစ္ပါတယ္။ က်န္တဲ့ တ႐ုတ္စာသားအခ်ိဳ႕ကို ဘာသာျပန္လိုက္ရင္ေတာ့ ၿပီးျပည့္စုံတဲ့ အေလးခ်ိန္ဟာ ဘာလဲဆိုတဲ့ ေမးခြန္းကိုလည္း ဒီ Teaser မွာ ေမးထားတာပါ။ ဒီေတာ့ ေမာ္ဒယ္အသစ္ဟာ 1.07kg ထက္ပိုၿပီး ေပါ့ပါးလာဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။

Xiaomi ရဲ႕ လက္ရွိ Notebook Air ဟာ 12.5-inch မ်က္ႏွာျပင္ အ႐ြယ္အစား၊ Resolution က 1080p ျဖစ္ပါတယ္။ Frame Width ကေတာ့ 5.71mm ပါ။ Intel Core M3 6Y30 (2.2Ghz) Processor သုံးထားပါတယ္။ RAM ကေတာ့ 4GB ျဖစ္ၿပီး Storage က 128GB ျဖစ္ေပမယ့္ 256GB ထိ တိုးခ်ဲ႕လို႔ရပါတယ္။ ပါးလႊာၿပီး ေပါ့ပါးတဲ့ Xiaomi Notebook Air ဟာ ေခ်ာေမြ႕ေျပာင္လက္တဲ့ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားတာပါ။

Xiaomi ရဲ႕ Notebook Air 12.5-inch ကို လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဇူလိုင္လကတည္းက တရားဝင္ေၾကညာခဲ့တာပါ။ လက္ရွိအခ်ိန္မွာလည္း Xiaomi က ဒီ Notebook New Version နဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ျပန္ထားျခင္း မရွိေသးတာေၾကာင့္ ေနာက္ထပ္ေပါက္ၾကားလာမယ့္ သတင္းေတြကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

မတ်လ ၂၆ ရက်နေ့မှာ မြင်တွေ့ရဖွယ်ရှိတဲ့ Xiaomi ရဲ့ Mi Notebook Air 12.5 New Version

Xiaomi ရဲ့ 12.5-inch Mi Notebook Air new version ဟာ ပြီးခဲ့တဲ့ရက်တုန်းကပဲ ကုမ္ပဏီရဲ့ တရားဝင်အကောင့်ကနေတစ်ဆင့် ပေါ်ထွက်လာခဲ့ပါတယ်။ Mi ရဲ့ Teaser poster မှာ တွေ့မြင်ရတဲ့ရက်အတိုင်းဆိုရင်တော့ ဒီ Notebook Air ကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားဖွယ်ရှိနေတာပါ။

Teaser ရုပ်ပုံမှာ 1.07kg ကိန်းဂဏန်းကိုလည်း မြင်တွေ့ရပါတယ်။ ဒါဟာ လက်ရှိ Notebook မော်ဒယ်ရဲ့ အလေးချိန်လည်း ဖြစ်ပါတယ်။ ကျန်တဲ့ တရုတ်စာသားအချို့ကို ဘာသာပြန်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့ အလေးချိန်ဟာ ဘာလဲဆိုတဲ့ မေးခွန်းကိုလည်း ဒီ Teaser မှာ မေးထားတာပါ။ ဒီတော့ မော်ဒယ်အသစ်ဟာ 1.07kg ထက်ပိုပြီး ပေါ့ပါးလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Xiaomi ရဲ့ လက်ရှိ Notebook Air ဟာ 12.5-inch မျက်နှာပြင် အရွယ်အစား၊ Resolution က 1080p ဖြစ်ပါတယ်။ Frame Width ကတော့ 5.71mm ပါ။ Intel Core M3 6Y30 (2.2Ghz) Processor သုံးထားပါတယ်။ RAM ကတော့ 4GB ဖြစ်ပြီး Storage က 128GB ဖြစ်ပေမယ့် 256GB ထိ တိုးချဲ့လို့ရပါတယ်။ ပါးလွှာပြီး ပေါ့ပါးတဲ့ Xiaomi Notebook Air ဟာ ချောမွေ့ပြောင်လက်တဲ့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာပါ။

Xiaomi ရဲ့ Notebook Air 12.5-inch ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက တရားဝင်ကြေညာခဲ့တာပါ။ လက်ရှိအချိန်မှာလည်း Xiaomi က ဒီ Notebook New Version နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် နောက်ထပ်ပေါက်ကြားလာမယ့် သတင်းတွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena