Xiaomi က ဒေါင်လိုက် Foldable ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်လိုက်ပြီး Motorola Razr နဲ့ Samsung Galaxy Z Flip လို ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို ဖန်တီးလာကြပြီး ကွေးညွှတ်မျက်နှာပြင် ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လာကြပါတယ်။

Xiaomi ဒေါင်လိုက် Foldable ဖုန်းရဲ့ အထက်မှာ အရှေ့၊ အနောက် လှည့်နိုင်တဲ့ ဘား ၁ ခု ပါလာပါတယ်။ ဘားမှာ ကင်မရာတွေ တပ်ဆင်ထားပြီး အရှေ့နဲ့ အနောက်ကင်မရာတွေ အဖြစ် အသုံးပြုနိုင်ပါတယ်။ CNIPA က ရလာတဲ့ အဲဒီ ဖုန်း ဒီဇိုင်းကို Let’s Go Digital က  ရေးဆွဲထားတာကို အထက်မှာ လေ့လာနိုင်ပါတယ်။

ဖုန်းရဲ့ အထက်ပိုင်း တစ်ခြမ်း ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပြီး စပီကာ အပေါက်ကို လှည့်ပတ်နိုင်တဲ့ အစိတ်အပိုင်းအောက်မှာ ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ဖုန်း ဒီဇိုင်းတွေကို မှတ်ပုံတင်ထားလေ့ရှိပြီး တချို့ ဖုန်းတွေကို တကယ် ထုတ်လုပ်ရောင်းချထားတာ မရှိပါဘူး။ အဲဒီအတွက် Xiaomi ရဲ့ အခုဖုန်းဟာလည်း တကယ်ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။

Xiaomi ဟာ Samsung Galaxy Z Flip လို ဒေါင်လိုက် Foldable ဖုန်း၊ ကင်မရာ ၇ လုံးကို Pop Up မှာ ထည့်သွင်းထားတဲ့ ဖုန်း၊ အရှေ့နဲ့ အနောက်ကို မျက်နှာပြင်နဲ့ ဖုံးအုပ်ထားတဲ့ ဖုန်းနဲ့ Dual Punch Hole ဆဲလ်ဖီး ကင်မရာ ပါတဲ့ ဖုန်းတွေကိုလည်း မှတ်ပုံတင်ထားပါတယ်။

Ref : gsmarena