[Zawgyi]

Xiaomi ရဲ႕လုပ္ငန္းခြဲတစ္ခုျဖစ္တဲ့ YI Technology ဟာ CES 2109 ပြဲမွာ သူတုိ႔ရဲ႕ ေနာက္ဆုံးေပၚ အိမ္သုံး လုံျခဳံေရးကင္မရာျဖစ္တဲ့ YI Home Camera 3 ကို မိတ္ဆက္လာခဲ့ပါတယ္။ သူ႕ရဲ႕ထူးျခားခ်က္ကေတာ့ AI ဥာဏ္ရည္တုစနစ္ကို တုိးျမွင့္ထားတာေၾကာင့္ တကယ္လိုအပ္တဲ့ Notification ကုိသာ ေဖာ္ျပအသိေပးမယ့္ စနစ္နဲ႔ 1080p Full HD ကြာလတီပုံထြက္ႏုိင္စြမ္းပါပဲ။

ေပါ့ေပါ့ပါးပါးဒီဇုိင္းနဲ႔ ပြဲထြက္လာတဲ့ YI Home Camera 3 မွာ အဆင့္ျမင့္ အသံနဲ႔ လူသား ေထာက္လွမ္းမႈ စနစ္ပါဝင္ပါတယ္။ သူ႕ရဲ႕ Human Detection နည္းပညာက သုံးစြဲသူေတြကို တကယ္အေရးႀကီးတဲ့ အခ်ိန္မွသာ Notification ေပးမွာျဖစ္ၿပီး အင္းစက္ပုိးေကာင္ေတြ ပ်ံသန္းသြားတာ၊ အိမ္ေမြးတိရစာၦန္ေတြနဲ႔ အလင္းေရာင္ ေျပာင္းလဲမႈေတြ၊ ဒါမွမဟုတ္ လူေတြရဲ႕ ဓါတ္ပုံေတြကိုေတာင္ သိနားလည္ႏိုင္ၿပီး အခ်က္ေပးျခင္းက ေရွာင္ၾကဥ္မွာ ျဖစ္တယ္။

သူ႕ရဲ႕ အသံအာရုံခံစနစ္ကလည္း တပ္ဆင္ထားတဲ့ေနရာရဲ႕ ၁၆ ေပပတ္လည္အတြင္းမွာ သဘာဝမက်တဲ့ လႈပ္ရွားမႈအသံတစ္ခုခု ျဖစ္လာတာနဲ႔ ခ်က္ခ်င္း သိရွိနားလည္ႏုိင္မယ္လို႔ ဆုိပါတယ္။

YI Home Camera 3 ကို အေမရိကန္ေစ်းကြက္မွာ ဒီလကုန္ကေန စတင္ျဖန္႔ခ်ိလာမွာျဖစ္ၿပီး ေဒၚလာ ၄၀ သုိ႔မဟုတ္ ျမန္မာေငြ ေျခာက္ေသာင္းေက်ာ္ေက်ာ္ေလာက္ က်သင့္မွာပါ။ ဒီလုံျခဳံေရးကင္မရာကို ဝယ္တဲ့သူဟာ Cloud ဝန္ေဆာင္မႈကိုလည္း ေျခာက္လအခမဲ့ရမွာျဖစ္ၿပီး အဆုိပါ Cloud ဝန္ေဆာင္မႈကေတာ့ ထူးျခားတဲ့ လႈပ္ရွားမႈကို သိရွိတာနဲ႔ အလိုအေလွ်ာက္ မွတ္တမ္းတင္ၿပီး ၇ ရက္ၾကာ သိမ္းဆည္းထားႏုိင္ဖို႔ပါ။

YI နည္းပညာကုမၸဏီရဲ႕ Core Algorithm Developer ျဖစ္တဲ့ ရြန္ဖရီဒန္တယ္က “ဘာမွမဟုတ္ဘဲ ႏုိတီေတြ တက္ေနတာကို ဘယ္သူမွ သေဘာမက်ပါဘူး၊ ကၽြန္ေတာ္တုိ႔ရဲ႕ ေနာက္ဆုံးေပၚ AI Feature ေတြနဲ႔ဆုိ သုံးစြဲသူေတြဟာ ႏုိတီစနစ္ကို ေအာ္တုိပုိင္းေလာ့အျဖစ္ လႊတ္ထားၿပီး ေနရာတကာ Manual ထိန္းခ်ဳပ္စရာမလုိဘဲ လုံျခဳံတဲ့ စနစ္ကို ခံစားရမွာပါ” လို႔ဆုိခဲ့ပါတယ္။

Ref – Fonearena

[Unicode]

Xiaomi ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ YI Technology ဟာ CES 2109 ပွဲမှာ သူတို့ရဲ့ နောက်ဆုံးပေါ် အိမ်သုံး လုံခြုံရေးကင်မရာဖြစ်တဲ့ YI Home Camera 3 ကို မိတ်ဆက်လာခဲ့ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ AI ဉာဏ်ရည်တုစနစ်ကို တိုးမြှင့်ထားတာကြောင့် တကယ်လိုအပ်တဲ့ Notification ကိုသာ ဖော်ပြအသိပေးမယ့် စနစ်နဲ့ 1080p Full HD ကွာလတီပုံထွက်နိုင်စွမ်းပါပဲ။

ပေါ့ပေါ့ပါးပါးဒီဇိုင်းနဲ့ ပွဲထွက်လာတဲ့ YI Home Camera 3 မှာ အဆင့်မြင့် အသံနဲ့ လူသား ထောက်လှမ်းမှု စနစ်ပါဝင်ပါတယ်။ သူ့ရဲ့ Human Detection နည်းပညာက သုံးစွဲသူတွေကို တကယ်အရေးကြီးတဲ့ အချိန်မှသာ Notification ပေးမှာဖြစ်ပြီး အင်းစက်ပိုးကောင်တွေ ပျံသန်းသွားတာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အလင်းရောင် ပြောင်းလဲမှုတွေ၊ ဒါမှမဟုတ် လူတွေရဲ့ ဓါတ်ပုံတွေကိုတောင် သိနားလည်နိုင်ပြီး အချက်ပေးခြင်းက ရှောင်ကြဉ်မှာ ဖြစ်တယ်။

သူ့ရဲ့ အသံအာရုံခံစနစ်ကလည်း တပ်ဆင်ထားတဲ့နေရာရဲ့ ၁၆ ပေပတ်လည်အတွင်းမှာ သဘာဝမကျတဲ့ လှုပ်ရှားမှုအသံတစ်ခုခု ဖြစ်လာတာနဲ့ ချက်ချင်း သိရှိနားလည်နိုင်မယ်လို့ ဆိုပါတယ်။

YI Home Camera 3 ကို အမေရိကန်ဈေးကွက်မှာ ဒီလကုန်ကနေ စတင်ဖြန့်ချိလာမှာဖြစ်ပြီး ဒေါ်လာ ၄၀ သို့မဟုတ် မြန်မာငွေ ခြောက်သောင်းကျော်ကျော်လောက် ကျသင့်မှာပါ။ ဒီလုံခြုံရေးကင်မရာကို ဝယ်တဲ့သူဟာ Cloud ဝန်ဆောင်မှုကိုလည်း ခြောက်လအခမဲ့ရမှာဖြစ်ပြီး အဆိုပါ Cloud ဝန်ဆောင်မှုကတော့ ထူးခြားတဲ့ လှုပ်ရှားမှုကို သိရှိတာနဲ့ အလိုအလျှောက် မှတ်တမ်းတင်ပြီး ၇ ရက်ကြာ သိမ်းဆည်းထားနိုင်ဖို့ပါ။

YI နည်းပညာကုမ္ပဏီရဲ့ Core Algorithm Developer ဖြစ်တဲ့ ရွန်ဖရီဒန်တယ်က “ဘာမှမဟုတ်ဘဲ နိုတီတွေ တက်နေတာကို ဘယ်သူမှ သဘောမကျပါဘူး၊ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် AI Feature တွေနဲ့ဆို သုံးစွဲသူတွေဟာ နိုတီစနစ်ကို အော်တိုပိုင်းလော့အဖြစ် လွှတ်ထားပြီး နေရာတကာ Manual ထိန်းချုပ်စရာမလိုဘဲ လုံခြုံတဲ့ စနစ်ကို ခံစားရမှာပါ” လို့ဆိုခဲ့ပါတယ်။

Ref – Fonearena