လက်ရှိအချိန်ဟာ Bitcoin အပြင် Cryptocurrency စျေးကွက်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်းမှာ NFT လိုမျိုးစျေးကွက်တွေလည်း အောင်မြင်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေကလည်း ဝင်ရောက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။

အခုလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံထားရတဲ့ Eric Adams ကနေ သူ မြို့တော်ဝန်စဖြစ်ပြီး ပထမဆုံး ၃ လအတွက် လစာကို Bitcoin နဲ့ ရယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကလည်း မီယာမီမြို့တော်ဝန်နဲ့ အပြိုင်ဆောင်ရွက်နေတာဖြစ်ပြီး နယူးယောက်မြို့ကို Cryptocurrency အတွက် အကြီးမားဆုံး Industry တစ်ခုဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အခုဒီလိုမျိုး ပြိုင်ဆိုင်မှုတွေဟာ Cryptocurrency စျေးကွက်ကို ပိုပြီးအားသာစေမှာဖြစ်ပြီး အထူးသဖြင့် US လိုမျိုး တိုးတက်ပြီးနိုင်ငံတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။ မီယာမီမြို့တော်ဝန်ဖြစ်တဲ့ Francis Suarez ဟာဆိုရင် MiamiCoin လို့ နာမည်ပေးထားတဲ့ Cryptocurrency Project တစ်ခုကိုပါ ဆောင်ရွက်နေတာဖြစ်ပြီး မြို့နေထိုင်သူတွေကို ရင်းနှီးမြုပ်နှံစေမှာဖြစ်ပါတယ်။

Francis Suarez ကတော့ နောက်ပိုင်းမှာ မီယာမီမြို့အတွင်းနေထိုင်သူတွေဟာ အခွန်တွေကိုပါ Bitcoin နဲ့ ပေးချေနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ တခြားသော နိုင်ငံတွေအများအပြားကလည်း Cryptocurrency ကို အသိအမှတ်ပြုလုပ်လာပြီး တရားဝင်ငွေကြေးတစ်ခုအနေနဲ့ပါ သတ်မှတ်နေပြီဖြစ်တာကြောင့် ဆက်လက်ပြီး အောင်မြင်နေမှာကတော့ အသေအချာပါပဲ။

Ref – The Verge