Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Entry-level iPad ဖြစ်တဲ့ iPad 8th Generation ကို Design ပြောင်းလဲခြင်းမရှိဘဲ A12 Bionic Chip ကိုပဲ ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်အတွက်မိတ်ဆက်လာမယ့် iPad 9th Generation မှာတော့ Design ပိုင်း ပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Japanese Blog တစ်ခုဖြစ်တဲ့ Mac Otokara ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယခုနှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Design ပိုင်းမှာ အဓိကအနေနဲ့ ကိုယ်ထည် Chassis Design ကို ပြောင်းလဲသွားမှာဖြစ်ပြီး iPad Air 3 လိုမျိုး ပိုမိုပါးလွှာပြီး ပေါ့ပါးသွားမယ်လို့ သိရပါတယ်။

နောက်ထပ်အနေနဲ့လည်း Chinese Supply Chain တစ်ခုကနေ ထွက်ပေါ်လာတဲ့သတင်းအရ Apple ဟာ iPad 9th Generation ကို လက်ရှိအထူ 7.5mm ကနေ 6.3mm အထိ ပါးလွှာအောင် လျော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အလေးချိန်အနေနဲ့လည်း လက်ရှိ 490g ကနေ 460g ပဲရှိတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ်ထည် Chassis Design ကို ပြောင်းလဲထားပေမယ့်လည်း Touch ID Sensor ပါဝင်တဲ့ Home Button ကိုတော့ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါက iPad Air လိုမျိုး Power Button မှာ Touch ID ကို ထည့်သွင်းထားတာမျိုးမဟုတ်တဲ့အတွက် Display ပိုင်းမှာတော့ အပေါ်နဲ့အောက်ဖက်မှာ ဘေးဘောင်တွေရှိနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Entry-level iPad 9th Generation အသစ်ဟာ Performance ပိုင်းမှာ A13 Bionic Chip နဲ့ RAM 4GB ပါဝင်လာမှာဖြစ်တဲ့အတွက် Budget Tablet တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာဦးမှာကတော့ သေချာနေပါတယ်။

Ref – GSM Arena