[Zawgyi]

iPhone 11 လို႔ အမည္ေပးလာဖြယ္ရွိတဲ့ Apple ရဲ႕ ဒီႏွစ္ထဲမွာ ထုတ္မယ့္ iPhone ေတြဟာ Wireless PowerShare ကို ေထာက္ပံ့မႈေပးလာလိမ့္မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ၂၀၁၅ မွာ IDT (Integrated Device Technology) က မိတ္ဆက္ေပးထားတဲ့ Qi အေျခခံ အျပန္အလွန္ႀကိဳးမဲ့အားသြင္းစနစ္ဟာ Galaxy S10 Series, Huawei Mate 20 Pro စတာေတြမွာလည္း အသုံးျပဳထားတာပါ။

Apple ေလာကမွာေတာ့ Wireless PowerShare ဆိုတာက ပိုၿပီးအသုံးဝင္တဲ့ ေထာက္ပံ့မႈ ျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Apple ရဲ႕ သီးသန႔္ အားသြင္းပစၥည္းေတြက ေနရာတိုင္းမွာ အလြယ္တကူ မရႏိုင္တာေၾကာင့္လို႔ ဆိုရမွာပါ။ မၾကာခင္ကပဲ ေၾကညာသြားခဲ့တဲ့ AirPods second edition မွာလည္း ႀကိဳးမဲ့အားသြင္းစနစ္ ပါဝင္လာတာကိုၾကည့္ရင္ Apple က သူ႔ရဲ႕ မ်ိဳးဆက္သစ္ထုတ္ကုန္ေတြအားလုံးကို ဒီစနစ္ေတြနဲ႔ ခရီးဆက္ေစခ်င္တယ္လို႔ ဆိုႏိုင္ပါတယ္။

ေမးခြန္းထုတ္စရာ တစ္ခုကေတာ့ Apple ရဲ႕ လက္ရွိ iPhone ေတြဟာ အျမန္အားသြင္းစနစ္ပိုင္းမွာ အေတာ္ေလးကို ေႏွးေကြးေနတာေၾကာင့္ အခုလိုမ်ိဳး Wireless PowerShare ရလာမယ့္ မ်ိဳးဆက္သစ္ iPhone ေတြကိုယ္တိုင္က ဘယ္ေလာက္ျမန္ျမန္ အားသြင္းႏိုင္မွာလဲဆိုတာပါပဲ။ 18W PowerDelivery adapter ေတြ၊ USB-C ေတြ လည္းလိုအပ္လာၿပီး ဒါေတြအတြက္ အပိုကုန္က်စရိတ္ေတြလည္း ျဖစ္လာဦးမွာလားလို႔ ေမးခြန္းထုတ္ရဦးမွာပါ။

ဒီႏွစ္ပိုင္းမွာ Apple ရဲ႕ ထုတ္လုပ္မႈျဖစ္စဥ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ ဟိုအရင္ကေလာက္ ေရွ႕ကို ေရာက္မေနေတာ့တာ ေတြ႕ျမင္ရမွာပါ။ iPhone ေတြရဲ႕ တန္ဖိုးက အားလုံးရဲ႕ေရွ႕ကိုေရာက္ေနသေလာက္ သုံးစြဲသူေတြရဲ႕ ေတာင္းဆိုမႈကို ျဖည့္ဆည္းတဲ့ေနရာမွာေတာ့ ေရွ႕ဆုံးမွာ ရွိမေနတာကိုလည္း ေတြ႕ျမင္ရမွာပါ။ ဒါေၾကာင့္ မ်ိဳးဆက္သစ္ iPhone ေတြမွာလည္း သုံးစြဲသူေတြရဲ႕ ေတာင္းဆိုမႈေတြကို ဘယ္ေလာက္ထိ ျဖည့္ဆည္းေပးမလဲဆိုတာကို ေစာင့္ၾကည့္သြားရဦးမွာပါ။

Ref: GSMArena

[Unicode]

မျိုးဆက်သစ် iPhone တွေဟာ Wireless PowerShare ထောက်ပံ့မှု ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်လာ

iPhone 11 လို့ အမည်ပေးလာဖွယ်ရှိတဲ့ Apple ရဲ့ ဒီနှစ်ထဲမှာ ထုတ်မယ့် iPhone တွေဟာ Wireless PowerShare ကို ထောက်ပံ့မှုပေးလာလိမ့်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ၂၀၁၅ မှာ IDT (Integrated Device Technology) က မိတ်ဆက်ပေးထားတဲ့ Qi အခြေခံ အပြန်အလှန်ကြိုးမဲ့အားသွင်းစနစ်ဟာ Galaxy S10 Series, Huawei Mate 20 Pro စတာတွေမှာလည်း အသုံးပြုထားတာပါ။

Apple လောကမှာတော့ Wireless PowerShare ဆိုတာက ပိုပြီးအသုံးဝင်တဲ့ ထောက်ပံ့မှု ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ သီးသန့် အားသွင်းပစ္စည်းတွေက နေရာတိုင်းမှာ အလွယ်တကူ မရနိုင်တာကြောင့်လို့ ဆိုရမှာပါ။ မကြာခင်ကပဲ ကြေညာသွားခဲ့တဲ့ AirPods second edition မှာလည်း ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာတာကိုကြည့်ရင် Apple က သူ့ရဲ့ မျိုးဆက်သစ်ထုတ်ကုန်တွေအားလုံးကို ဒီစနစ်တွေနဲ့ ခရီးဆက်စေချင်တယ်လို့ ဆိုနိုင်ပါတယ်။

မေးခွန်းထုတ်စရာ တစ်ခုကတော့ Apple ရဲ့ လက်ရှိ iPhone တွေဟာ အမြန်အားသွင်းစနစ်ပိုင်းမှာ အတော်လေးကို နှေးကွေးနေတာကြောင့် အခုလိုမျိုး Wireless PowerShare ရလာမယ့် မျိုးဆက်သစ် iPhone တွေကိုယ်တိုင်က ဘယ်လောက်မြန်မြန် အားသွင်းနိုင်မှာလဲဆိုတာပါပဲ။ 18W PowerDelivery adapter တွေ၊ USB-C တွေ လည်းလိုအပ်လာပြီး ဒါတွေအတွက် အပိုကုန်ကျစရိတ်တွေလည်း ဖြစ်လာဦးမှာလားလို့ မေးခွန်းထုတ်ရဦးမှာပါ။

ဒီနှစ်ပိုင်းမှာ Apple ရဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဟိုအရင်ကလောက် ရှေ့ကို ရောက်မနေတော့တာ တွေ့မြင်ရမှာပါ။ iPhone တွေရဲ့ တန်ဖိုးက အားလုံးရဲ့ရှေ့ကိုရောက်နေသလောက် သုံးစွဲသူတွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းတဲ့နေရာမှာတော့ ရှေ့ဆုံးမှာ ရှိမနေတာကိုလည်း တွေ့မြင်ရမှာပါ။ ဒါကြောင့် မျိုးဆက်သစ် iPhone တွေမှာလည်း သုံးစွဲသူတွေရဲ့ တောင်းဆိုမှုတွေကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးမလဲဆိုတာကို စောင့်ကြည့်သွားရဦးမှာပါ။

Ref: GSMArena