Apple ဟာ ယခု ၂၀၂၂ ခုနှစ်အတွင်းမှာ iPad Pro အသစ်အပါအဝင် iPad 10th Gen ကိုပါ ဒီဇိုင်းပြောင်းလဲပြီးမိတ်ဆက်ထားခဲ့ပါတယ်။ ဒါပေမယ့် iPad mini ကိုတော့ ယခုနှစ်ထဲမှာ အသစ်မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် Apple ကနေ နောက်ပိုင်းမှာ iPad mini နေရာကို Foldable iPad နဲ့ အစားထိုးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းနေကျ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ အဆိုပါ သတင်းကို မှားယွင်းကြောင်း ပြောကြားလိုက်ပါတယ်။

Ming-Chi Kuo ရဲ့ ပြောကြားချက်အရတော့ Apple ဟာ လာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ iPad mini အသစ်ကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ iPad mini အသစ်ဟာ လုံးဝဒီဇိုင်းပိုင်းပြောင်းလဲထားတဲ့ Version အသစ်ဖြစ်နေမှာဖြစ်ပြီး လက်ရှိ iPad mini မှာ ပါဝင်ခြင်းမရှိတဲ့ Feature အသစ်တွေပါဝင်လာနိုင်ပါတယ်။

Ming-Chi Kuo ကတော့ iPad mini အသစ်ရဲ့ အဓိကအားသာချက်ဟာ Processor ပိုင်းဖြစ်လာမှာဖြစ်ပြီး စျေးနှုန်းပိုင်းမှာလည်း လက်ရှိ iPad mini စျေးနှုန်းဝန်းကျင်ပဲ ရောင်းချသွားဖွယ်ရှိပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ်မှာ iPad mini နေရာကို Foldable iPad နဲ့ အစားထိုးဖို့က မဖြစ်နိုင်ဘဲ တကယ်လို့ Foldable iPad မိတ်ဆက်လာမယ်ဆိုရင်တောင် စျေးနှုန်းမြင့်မားတဲ့ iPad Pro ဝန်းကျင်အဆင့်ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China