[Zawgyi]

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲက Redmi အမွတ္တံဆိပ္ေအာက္ကေန Snapdragon 855 ခ်စ္ပ္ဆက္သုံး Flagship ေနာက္တစ္လုံး ထြက္လာဦးမယ္လို႔ သတင္းထြက္ေနခဲ့တာပါ။ မၾကာေသးခင္ကေတာ့ Redmi ရဲ႕ မန္ေနဂ်ာခ်ဳပ္ကိုယ္တုိင္ ဒီဖုန္းရဲ႕တည္ရွိမႈကို အတည္ျပဳေပးခဲ့ပါတယ္။ ယခုေတာ့ Redmi ရဲ႕ Flagship အသစ္ဟာ Hands-on ဗီဒီယုိတစ္ခုမွာ ေပၚလာခဲ့ၿပီး သူ႕ရဲ႕ျပင္ပဒီဇုိင္းကို ေသခ်ာျမင္ေတြ႕ရမွာပါ။

ဒီဗီဒီယုိထဲမွာေတာ့ ဖုန္းအသစ္ရဲ႕ ေရွ႕နဲ႔ေနာက္ ကိုယ္ထည္ကို ျပသခဲ့တယ္။ ေရွ႕ဘက္မွာ Punch-hole ကင္မရာအေပါက္ကို အသုံးျပဳေပမယ့္ အျခား Punch-hole ကင္မရာဖုန္းေတြျဖစ္တဲ့ Honor View 20 တုိ႔၊ Samsung Galaxy S10 တုိ႔နဲ႔ မတူပါဘူး။

ဘယ္လိုမတူတာလဲ ဆုိရင္ေတာ့ ဗီဒီယုိမွာျမင္ရတဲ့အတုိင္း ဒီ Redmi စမတ္ဖုန္းဟာ ဆယ္ဖီကင္မရာအတြက္ Punch-hole ကို ဘယ္ သုိ႔ ညာေထာင့္မွာ မထားဘဲ အလည္ေခါင္တည့္တည့္မွာ ထားလာတာပါပဲ။ ဘာပဲျဖစ္ျဖစ္ Waterdrop Notch တစ္ခုထက္ေတာ့ ပိုၿပီးေနရာယူသက္သာေသးတယ္ လို႔ပဲ ေျဖေတြးရမွာပါ။ Display ရဲ႕တစ္ဖက္တစ္ခ်က္က Bezel ေဘာင္ေတြကေတာ့ အလြန္ေသးငယ္ၿပီး အေပၚနဲ႔ေအာက္က Bezel ေတြကေတာ့ အနည္းငယ္ပုိထူပါတယ္။

ေက်ာဘက္မွာ ေဒါင္လိုက္ေနရာခ်ထားတဲ့ Triple-camera အတြဲကို ေတြ႕ရကာ Fingerprint Scanner ကလည္း ေနာက္ေက်ာမွာပဲျဖစ္ပါတယ္။ ဖုန္းရဲ႕ေနာက္ဘက္ကုိယ္ထည္ဟာ ေခ်ာမြတ္ေတာက္ပေနေပမယ့္ Glass ကိုယ္ထည္လား၊ ပလတ္စတစ္ပဲလား ဆုိတာေတာ့ မသိရပါဘူး။

Redmi ရဲ႕ Flagship ဖုန္းအသစ္ဟာ လက္ရွိအခ်ိန္မွာ နာမည္ေတာင္ မသိရေသးသလို Benchmark ဆုိက္ေတြမွာလည္း မျမင္ရေသးေပမယ့္ အခုလို Hands-on ဗီဒီယုိထြက္လာတဲ့အတြက္ မၾကာခင္ထပ္ၿပီး ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက Redmi အမှတ်တံဆိပ်အောက်ကနေ Snapdragon 855 ချစ်ပ်ဆက်သုံး Flagship နောက်တစ်လုံး ထွက်လာဦးမယ်လို့ သတင်းထွက်နေခဲ့တာပါ။ မကြာသေးခင်ကတော့ Redmi ရဲ့ မန်နေဂျာချုပ်ကိုယ်တိုင် ဒီဖုန်းရဲ့တည်ရှိမှုကို အတည်ပြုပေးခဲ့ပါတယ်။ ယခုတော့ Redmi ရဲ့ Flagship အသစ်ဟာ Hands-on ဗီဒီယိုတစ်ခုမှာ ပေါ်လာခဲ့ပြီး သူ့ရဲ့ပြင်ပဒီဇိုင်းကို သေချာမြင်တွေ့ရမှာပါ။

ဒီဗီဒီယိုထဲမှာတော့ ဖုန်းအသစ်ရဲ့ ရှေ့နဲ့နောက် ကိုယ်ထည်ကို ပြသခဲ့တယ်။ ရှေ့ဘက်မှာ Punch-hole ကင်မရာအပေါက်ကို အသုံးပြုပေမယ့် အခြား Punch-hole ကင်မရာဖုန်းတွေဖြစ်တဲ့ Honor View 20 တို့၊ Samsung Galaxy S10 တို့နဲ့ မတူပါဘူး။

ဘယ်လိုမတူတာလဲ ဆိုရင်တော့ ဗီဒီယိုမှာမြင်ရတဲ့အတိုင်း ဒီ Redmi စမတ်ဖုန်းဟာ ဆယ်ဖီကင်မရာအတွက် Punch-hole ကို ဘယ် သို့ ညာထောင့်မှာ မထားဘဲ အလည်ခေါင်တည့်တည့်မှာ ထားလာတာပါပဲ။ ဘာပဲဖြစ်ဖြစ် Waterdrop Notch တစ်ခုထက်တော့ ပိုပြီးနေရာယူသက်သာသေးတယ် လို့ပဲ ဖြေတွေးရမှာပါ။ Display ရဲ့တစ်ဖက်တစ်ချက်က Bezel ဘောင်တွေကတော့ အလွန်သေးငယ်ပြီး အပေါ်နဲ့အောက်က Bezel တွေကတော့ အနည်းငယ်ပိုထူပါတယ်။

ကျောဘက်မှာ ဒေါင်လိုက်နေရာချထားတဲ့ Triple-camera အတွဲကို တွေ့ရကာ Fingerprint Scanner ကလည်း နောက်ကျောမှာပဲဖြစ်ပါတယ်။ ဖုန်းရဲ့နောက်ဘက်ကိုယ်ထည်ဟာ ချောမွတ်တောက်ပနေပေမယ့် Glass ကိုယ်ထည်လား၊ ပလတ်စတစ်ပဲလား ဆိုတာတော့ မသိရပါဘူး။

Redmi ရဲ့ Flagship ဖုန်းအသစ်ဟာ လက်ရှိအချိန်မှာ နာမည်တောင် မသိရသေးသလို Benchmark ဆိုက်တွေမှာလည်း မမြင်ရသေးပေမယ့် အခုလို Hands-on ဗီဒီယိုထွက်လာတဲ့အတွက် မကြာခင်ထပ်ပြီး မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။

Ref – GSM Arena