လက်ရှိ Apple ကနေ ထုတ်လုပ်ထားတဲ့ A14 Bionic နဲ့ Apple M1 Chipset တွေဟာ Mobile Chipset တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့တောင်ပြောနိုင်ပါတယ်။ အဆိုပါ Chipset တွေဟာ TSMC ရဲ့ 5nm Architecture ကိုပဲ​အခြေခံထားတဲ့ Chipset တွေဖြစ်ပါတယ်။ ဒီနှစ်မှာ မိတ်ဆက်လာမယ့် iPhone 13 Series ဟာလည်း 5nm Architecture ကိုပဲ အခြေခံလာဦးမှာပါ။

Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ iPhone တွေအတွက် 4nm Architecture ကို အခြေခံထားတဲ့ A Series Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPad Pro တွေအတွက် M Series Chipset ကို Advanced ပိုဖြစ်တဲ့ 3nm Architecture ကို အခြေခံပြီး ထုတ်လုပ်လာမယ်လို့ သိရပါတယ်။​ ယခုသတင်းကိုတော့ Nikkei Asia ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။​

လောလောဆယ်မှာတော့ iPhone 13 Series မှာ အသုံးပြုလာမယ့် A15 Bionic Chipset ဟာ TSMC ရဲ့ 5nm N5P Node ကို အခြေခံထားမှာဖြစ်ပြီး Clock Speed အနေနဲ့ ၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်တယ်လို့ သိရပါတယ်။ Power စားသုံးမှုကလည်း ယခင်ထက် ၁၀ ရာခိုင်နှုန်းပိုမိုလျော့နည်းလာမှာဖြစ််ပါတယ်။ အဆိုပါ 5nm N5P Node ကိုပဲ​ လာမယ့်စက်တင်ဘာလမှာ မိတ်ဆက်ဖို့ရှိနေတဲ့ MacBook Pro အသစ်တွေမှာ Apple M1X Chipset အနေနဲ့ ထည့်သွင်းလာမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ရဲ့ iPhone 14 Series ဟာ ပထမဆုံး 4nm Chipset နဲ့ စမတ်ဖုန်းဖြစ်လာမှာမဟုတ်ဘဲ MediaTek ကနေ ယခုနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့ပထမဆုံး 4nm Chipset ကို တရားဝင်မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၂၀၂၂ အစောပိုင်းမှာ ထွက်ရှိတဲ့ Flagship ဖုန်းတွေအနေနဲ့ 4nm Chipset တွေကို အသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။

ဒီလိုမျိုး 4nm Architecture ကို ပြောင်းလဲလိုက်ပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိ 5nm Chipset တွေနဲ့ အများကြီးသိသိသာသာပိုကောင်းလာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ အဲ့ဒီအစား iPad Pro တွေမှာ အသုံးပြုလာမယ့် 3nm Architecture ကို အခြေခံထားတဲ့ M2 Chipset ကတော့ စွမ်းဆောင်ရည်ပိုင်းနဲ့ Power စားသုံးမှုပိုင်းတွေမှာ သိသိသာသာလျော့နည်းမှာဖြစ်ပါတယ်။ လက်ရှိခန့်မှန်းရသလောက်ကတော့ စွမ်းဆောင်ရည်ပိုင်းမှာ ၁၅ ရာခိုင်နှုန်းဝန်းကျင်နဲ့ Power စားသုံးမှုမှာ ၃၀ ရာခိုင်နှုန်းအထိ ပိုကောင်းမွန်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena