လက်ရှိ စမတ်ဖုန်းတွေအများစုအသုံးပြုနေတဲ့ Dual Camera စနစ်တွေက Telephoto Zoom Lens တွေကို အသုံးပြုတာများပြီး အဆိုပါ Telephoto Lens တွေမှာ 2× Optical Zoom လို့ခေါ်တဲ့ အရည်အသွေးမကျသွားပဲ Zoom ၂ ဆအထိ ဆွဲနိုင်တဲ့ နည်းပညာပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အခု Asia Optical and Coreophotonics ကုမ္ပဏီကတော့ ဒါကိုထပ်ပြီးတိုးချဲ့ဖို့ စိတ်ကူးနေပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်ကုန်ကနေစပြီး Optical Zoom ၅ ဆအထိ အသုံးပြုနိုင်တဲ့ Zoom Lens တွေကို စမတ်ဖုန်းတွေအတွက် စတင်ထုတ်လုပ်ပေးတော့မယ်လို့ ကြေငြာလိုက်တာကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး ထုတ်လုပ်နိုင်ပြီဆိုရင် လက်ရှိစမတ်ဖုန်းကင်မရာနည်းပညာကို တဆစ်ချိုးပြောင်းလဲသွားစေဦးမှာဖြစ်ပြီးတော့ Asia Optical ကတော နောက်နှစ် နှစ်ဝက်နောက်ပိုင်းလောက်မှာ 5× Optical Zoom နဲ့ စမတ်ဖုန်းတွေကို စတင်မြင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲပြောပြော နောက်နှစ်မှာလည်း စမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်း စွမ်းဆောင်ရည်က အခုထက်အများကြီးပိုမြင့်မားလာတော့မှာဖြစ်ပါတယ်။