[Zawgyi]

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက Apple ဟာ iPad Pro ေတြမွာ ProMotion display ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ iPhones ေတြမွာလည္း ဒီမ်က္ႏွာျပင္အမ်ိဳးအစားကို သုံးလာလိမ့္မယ္လို႔ ေကာလာဟလထြက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ မွာထြက္လာတဲ့ iPhone ေတြအထိ 120Hz မ်က္ႏွာျပင္ သုံးမထားခဲ့ပါဘူး။

ထုတ္လုပ္မႈနယ္ပယ္ထဲက ထြက္ေပၚလာတဲ့သတင္းအရဆိုရင္ေတာ့ Apple ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ထုတ္ iPhone ေတြမွာ ပုံမွန္ 60Hz panel ေတြအစား 120Hz ProMotion OLED မ်က္ႏွာျပင္ေတြသုံးလာဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Apple ရဲ႕ ProMotion နည္းပညာဟာ 60Hz နဲ႔ 120Hz refresh rate ေတြၾကား ကူးေျပာင္းႏိုင္မယ့္ အေျဖလို႔ယူဆရပါတယ္။ ဒါဟာ ဘက္ထရီသုံးစြဲမႈဆိုင္ရာမွာ ပိုၿပီးေကာင္းမြန္လာတဲ့ ရလဒ္ကိုလည္း ယူေဆာင္လာဖြယ္ရွိပါတယ္။ မ်က္ႏွာျပင္ကို ျမင့္မားတဲ့ Refresh rate မွာ ပုံေသထားျခင္းက ဘက္ထရီသုံးစြဲမႈကို ႀကီးႀကီးမားမား ျဖစ္ေပၚေစပါတယ္။

ကနဦးထြက္ေပၚထားတဲ့ ေကာလာဟလေတြအရ ၂၀၂၀ Flagship iPhone ေတြဟာ တစ္ခ်ိန္က ဒီဇိုင္းပိုင္းအရာမွာ ဘုရင္တစ္ဆူျဖစ္ခဲ့ဖူးတဲ့ iPhone 4 လိုမ်ိဳး ျပန္သြားမယ္လို႔လည္း သိရပါတယ္။ ေနာက္တစ္ခ်က္က Notch ေတြဆက္ၿပီးရွိေနဦးမွာျဖစ္ေပမယ့္ ေသးငယ္သြားမွာျဖစ္ၿပီး ေက်ာဘက္မွာ 3D ToF ကင္မရာလည္း ပါဝင္လာမယ္လို႔ ဆိုတာပါ။ ၂၀၂၀ iPhone ေတြထြက္လာဖို႔က အေဝးႀကီးလိုေသးတဲ့အတြက္ Apple က ဘယ္လိုဆုံးျဖတ္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

လာမယ့်နှစ် Flagship iPhone တွေမှာ 120Hz Screen ကိုအသုံးပြုမယ်လို့ သတင်းထွက်ပေါ်လာ

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Apple ဟာ iPad Pro တွေမှာ ProMotion display ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ iPhones တွေမှာလည်း ဒီမျက်နှာပြင်အမျိုးအစားကို သုံးလာလိမ့်မယ်လို့ ကောလာဟလထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ မှာထွက်လာတဲ့ iPhone တွေအထိ 120Hz မျက်နှာပြင် သုံးမထားခဲ့ပါဘူး။

ထုတ်လုပ်မှုနယ်ပယ်ထဲက ထွက်ပေါ်လာတဲ့သတင်းအရဆိုရင်တော့ Apple ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ထုတ် iPhone တွေမှာ ပုံမှန် 60Hz panel တွေအစား 120Hz ProMotion OLED မျက်နှာပြင်တွေသုံးလာဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Apple ရဲ့ ProMotion နည်းပညာဟာ 60Hz နဲ့ 120Hz refresh rate တွေကြား ကူးပြောင်းနိုင်မယ့် အဖြေလို့ယူဆရပါတယ်။ ဒါဟာ ဘက်ထရီသုံးစွဲမှုဆိုင်ရာမှာ ပိုပြီးကောင်းမွန်လာတဲ့ ရလဒ်ကိုလည်း ယူဆောင်လာဖွယ်ရှိပါတယ်။ မျက်နှာပြင်ကို မြင့်မားတဲ့ Refresh rate မှာ ပုံသေထားခြင်းက ဘက်ထရီသုံးစွဲမှုကို ကြီးကြီးမားမား ဖြစ်ပေါ်စေပါတယ်။

ကနဦးထွက်ပေါ်ထားတဲ့ ကောလာဟလတွေအရ ၂၀၂၀ Flagship iPhone တွေဟာ တစ်ချိန်က ဒီဇိုင်းပိုင်းအရာမှာ ဘုရင်တစ်ဆူဖြစ်ခဲ့ဖူးတဲ့ iPhone 4 လိုမျိုး ပြန်သွားမယ်လို့လည်း သိရပါတယ်။ နောက်တစ်ချက်က Notch တွေဆက်ပြီးရှိနေဦးမှာဖြစ်ပေမယ့် သေးငယ်သွားမှာဖြစ်ပြီး ကျောဘက်မှာ 3D ToF ကင်မရာလည်း ပါဝင်လာမယ်လို့ ဆိုတာပါ။ ၂၀၂၀ iPhone တွေထွက်လာဖို့က အဝေးကြီးလိုသေးတဲ့အတွက် Apple က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena