[Unicode]

Pokemon Go, Harry Potter: Wizards Unite နဲ့  Ingress Mobile Games တွေကို ဖန်တီးထားတဲ့ Niantic က ၂၀၂၀ ခုနှစ်အတွက် တစ်ကမ္ဘာလုံးမှာ ပွဲတွေ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ပွဲတွေက အရမ်းကို အောင်မြင်ခဲ့ပါတယ်။ Niantic က Live Events Website ကို လွှင့်တင်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။


၂၀၁၉ ခုနှစ် ပွဲတွေကြောင့် Chicago, Dortmund နဲ့ Montreal နိုင်ငံတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေကနေ ဒေါ်လာ ၂၄၉ သန်း ရရှိခဲ့ပါတယ်။ ၃၂ နိုင်ငံမှ Player ၂.၇  သန်းက ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ Pokemon Go Player တွေဟာ Taiwan ရှိ Taichung မှာ ဖေဖော်ဝါရီလ ၆ ကနေ ၉ ရက်အတွင်းကျင်းပမယ့် ပထမဆုံး ပွဲကို တက်ရောက်နိုင်မှာပါ။ နောက်ပွဲကို  မတ်လ ၂၇ ကနေ ၂၉ ရက်အတွင်း St. Louis ရှိ Safari Zone မှာ ကျင်းပမှာပါ။


Liverpool က Player တွေဟာ ဧပြီ ၁၇ ကနေ ၁၉ ရက်မှာ ကျင်းပမယ့်ပွဲကို တက်ရောက်နိုင်ပါတယ်။ မေ ၇ ကနေ ၁၉ ရက်အတွင်းမှာတော့ Philadelphia က Fans တွေ ပါဝင်နိုင်မယ့် ပွဲကို ကျင်းပမှာပါ။ Harry Potter Player တွေအတွက် ဒုတိယမြောက်  Harry Potter: Wizards Unite Fan Festival ကျင်းပမယ့် အချိန်ကို မကြာခင် ကြေညာတော့မှာပါ။

Ingress Player တွေဟာ ဖေဖော်ဝါရီလ ၂၉ ရက်မှာ ကျင်းပမယ့် Perpetua Hexathlon Event မှာ ပါဝင် ကစားနိုင်မှာဖြစ်ပြီး ဧပြီလ ၂၅ ရက်မှာတော့ Lexicon Hexathlon Event ကို ကျင်းပမှာပါ။ အဲဒီပွဲတွေကို Europe, North America နဲ့ Asia Pacific က တည်နေရာများစွာမှာ ကျင်းပမှာပါ။

Ref : gsmarena

[Zawgyi]

Niantic က Pokemon Go , Harry Potter နဲ့ Ingress Games တွေအတွက် ပွဲတွေ ကျင်းပမည်





Ref : gsmarena