Facebook ဟာ အခုအချိန်မှာ ကုမ္ပဏီနာမည်ကို Meta လို့ တရားဝင်ပြောင်းလဲလိုက်ပြီဖြစ်ပြီး Metaverse နာမည်နဲ့ Virtual Reality World တစ်ခုကို ဖန်တီးသွားတော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ အဆိုပါ Metaverse ထဲမှာပဲ Social Media အကြီးစားတစ်ခုလိုမျိုးဖြစ်သွားပြီး စျေးဝယ်ယူမှုတွေကအစပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် အဆိုပါ Metaverse ထဲကို တခြားသော Brand တွေလည်း အများအပြားပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ဆုံးသိရတဲ့သတင်းတွေအရ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Nike နဲ့ Dyson လိုမျိုး ကုမ္ပဏီတွေပါ ဝင်ရောက်လာပြီဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းကလည်း Nike ဟာ ကုမ္ပဏီရဲ့ Headquarter ပုံစံကို အခြေခံထားတဲ့ Virtual World တစ်ခုကို Roblox ဂိမ်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။ အဆိုပါ Digital Space ကို “NIKELAND” လို့ ခေါ်ဆိုထားပြီး ဆော့ကစားသူတွေအနေနဲ့ သူတို့ရဲ့ Nike Product တွေနဲ့အတူစိတ်ကြိုက်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Roblox ဂိမ်းထဲမှာဆိုရင် “Tag” ၊ “The Floor Is Lava” နဲ့ “Dodgeball” ဆိုပြီး ဂိမ်းတွေကို ဆော့ကစားနိုင်မှာပါ။

Dyson ကတော့ လက်ရှိအချိန်မှာ Luxury Home Appliance ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး Dyson Demo VR နာမည်နဲ့ Virtual World တစ်ခုကို ဖန်တီးထားတာဖြစ်ပါတယ်။ အဆိုပါ Visualization နဲ့ Simulation နည်းပညာကို ကုမ္ပဏီအင်ဂျင်နီယာတွေ အသုံးပြုနိုင်မှာဖြစ်ပြီး Product တွေကို စမ်းသပ်ဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသုံးပြုသူတွေအနေနဲ့လည်း Hairdryer တွေ၊ Straightener တွေနဲ့ Styler တွေကို ကိုယ်တိုင် Virtual World ထဲမှာ စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး ကုမ္ပဏီအသီးသီးက Metaverse ထဲကို ဝင်ရောက်လာတာဟာ နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အခုထဲက ကြိုတင်လေ့လာထားသင့်ပြီလို့ ပြောရမှာပါ။

Ref – Gizmo China