Nikon ကနေ အခုအချိန်မှာ လက်ရှိ ကင်မရာတွေမှာ အကောင်းဆုံးသော Zoom Lens ပါဝင်တဲ့ Digital Camera ကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ ကင်မရာကို Nikon Coolpix P1000 လို့ နာမည်ပေးထားပြီးတော့ Nikon ရဲ့ Compact Camera Series တွေကို ဝင်ရောက်လာတာဖြစ်ပါတယ်။

အခု Nikon Coolpix P1000 Camera က P900 ရဲ့ မျိုးဆက်ဖြစ်ပြီးတော့ အဆိုပါ Nikon P900 ကလည်း Zoom ကို ၈၃ဆ ဆွဲနိုင်တဲ့အတွက် အကောင်းဆုံး Zoom ပါဝင်တဲ့ ကင်မရာတစ်ခုဖြစ်ပြီးတော့ အခု P1000 ဆီမှာတော့ 24-3000mm နဲ့ ညီမျှတဲ့ ၁၂၅ဆ အထိ Zoom ပြုလုပ်နိုင်တဲ့ ဒီဂျစ်တယ် Camera ဖြစ်လာတာပဲဖြစ်ပါတယ်။

အခု Nikon ရဲ့ Coolpix P1000 Camera က 16MP ပါဝင်ပြီးတော့ Sensor Size အနေနဲ့ကတော့ 1/2.3″ Sensor ကို တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ အခု Nikon Coolpix P1000 Camera က Zoom ကို အများကြီး ဆွဲဖို့လိုအပ်တဲ့ အခြေအနေတွေအတွက် ထုတ်ထားတာဖြစ်ပြီးတော့ လ နဲ့ ဌက်တွေကို ရိုက်တဲ့နေရာမှာ ပိုပြီး အသုံးဝင်မှာဖြစ်ပါတယ်။

Nikon Coolpix P1000 Camera က 4K Video တွေကိုလည်း 30 Frame per Second နဲ့ ရိုက်ကူးနိုင်ပြီးတော့ RAW ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာပါ။ OLED Viewfinder နဲ့အတူ Nikon ရဲ့ SnapBridge Bluetooth Image Transfer စနစ်ကိုလည်း Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

Nikon P1000 ကို ဈေးနှုန်းအနေနဲ့ ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီးတော့ အခုဈေးနှုန်းက Zoom အတွက်ပဲ အဆင်ပြေတဲ့ ကင်မရာတစ်ခုအတွက်တော့ များပြားတယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုမျိုး Zoom ဆွဲနိုင်တဲ့ ကင်မရာကလည်း ဈေးကွက်ထဲမှာ မရှိသေးတဲ့အတွက် Zoom ကို လိုအပ်တယ်ဆိုရင်တော့ ဝယ်ယူရတာတန်မှာပါ။