[Zawgyi]

Nintendo က ဘက္ထရီ သက္တမ္းပိုေကာင္းၿပီး အဆင့္ျမွင့္ထားတဲ့ Switch Model အသစ္ကို ေရာင္းခ်မယ္လို႔ ေၾကညာလိုက္ပါတယ္။ Breath of the Wild ကို ငါးနာရီေက်ာ္ၾကာ ကစားႏုိင္မွာပါ။ ကုမၸဏီက Nintendo Japan Twitter ကေန ေမာ္ဒယ္ အသစ္ကို ေၾကညာလိုက္တာပါ။

Nintendo ရဲ႕ ဂ်ပန္ ၀က္ဘ္ဆိုက္က ေမာ္ဒယ္ အသစ္မွာ တစ္ခါအားသြင္းထားရင္ ေလးနာရီခြဲကေန ကိုးနာရီအထိ အသံုးခံတယ္လို႔ ေျပာပါတယ္။ လက္ရွိ ေမာ္ဒယ္ကေတာ့ ႏွစ္နာရီခြဲကေန ေျခာက္နာရီခြဲအထိသာ ကစားႏုိင္ပါတယ္။ Legend of Zelda: Breath of the Wild ကစားရင္ လက္ရွိ ေမာ္ဒယ္မွာ သံုးနာရီသာ ခံၿပီး ေမာ္ဒယ္ အသစ္မွာ ငါးနာရီခြဲ ခံပါတယ္။ ဒါဟာ ေတာ္ေတာ္ကို တိုးတက္လာတယ္လို႔ ဆိုႏုိင္ပါတယ္။

ေနာက္ထပ္ ဘာေတြ တိုးတက္လာမလဲဆိုတာကို FCC မွာ Nintendo မွတ္ပံုတင္ထားမႈမ်ားအရ အရိပ္အျမြက္ သိထားပါတယ္။ ကုမၸဏီက Switch အတြက္ Class II Permissive Change ကို ေတာင္းဆိုထားတဲ့ အတြက္ System on a Chip နဲ႔ NAND Memory မ်ားကို ေျပာင္းလဲထားမွာ ျဖစ္ပါတယ္။ ေမာ္ဒယ္ အသစ္မွာ ေျပာင္းလဲမႈမ်ားကို ပံ့ပိုးေပးဖို႔ CPU Board အသစ္ ပါလာမွာပါ။

Nintendo က မၾကာခင္ကပဲ လက္ကိုင္ ဂိမ္းစက္ အသစ္ျဖစ္တဲ့ Switch Lite ကို ေၾကညာခဲ့ပါတယ္။ သတင္းထြက္ေနတဲ့ Switch Pro ကို ေၾကညာဖို႔ အေစာႀကီး လိုပါေသးတယ္။ Nintendo ၀က္ဘ္ဆိုက္မွာေတာ့ Switch Model အသစ္ကို ဒီႏွစ္ ၾသဂုတ္လလယ္မွာ ေၾကညာမယ္လို႔ ေဖာ္ျပထားပါတယ္။

Ref : tnw

[Unicode]

ဘက်ထရီ သက်တမ်းပိုကောင်းတဲ့ Switch ကို Nintendo ကြေညာ

Nintendo က ဘက်ထရီ သက်တမ်းပိုကောင်းပြီး အဆင့်မြှင့်ထားတဲ့ Switch Model အသစ်ကို ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ Breath of the Wild ကို ငါးနာရီကျော်ကြာ ကစားနိုင်မှာပါ။ ကုမ္ပဏီက Nintendo Japan Twitter ကနေ မော်ဒယ် အသစ်ကို ကြေညာလိုက်တာပါ။

Nintendo ရဲ့ ဂျပန် ဝက်ဘ်ဆိုက်က မော်ဒယ် အသစ်မှာ တစ်ခါအားသွင်းထားရင် လေးနာရီခွဲကနေ ကိုးနာရီအထိ အသုံးခံတယ်လို့ ပြောပါတယ်။ လက်ရှိ မော်ဒယ်ကတော့ နှစ်နာရီခွဲကနေ ခြောက်နာရီခွဲအထိသာ ကစားနိုင်ပါတယ်။ Legend of Zelda: Breath of the Wild ကစားရင် လက်ရှိ မော်ဒယ်မှာ သုံးနာရီသာ ခံပြီး မော်ဒယ် အသစ်မှာ ငါးနာရီခွဲ ခံပါတယ်။ ဒါဟာ တော်တော်ကို တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ထပ် ဘာတွေ တိုးတက်လာမလဲဆိုတာကို FCC မှာ Nintendo မှတ်ပုံတင်ထားမှုများအရ အရိပ်အမြွက် သိထားပါတယ်။ ကုမ္ပဏီက Switch အတွက် Class II Permissive Change ကို တောင်းဆိုထားတဲ့ အတွက် System on a Chip နဲ့ NAND Memory များကို ပြောင်းလဲထားမှာ ဖြစ်ပါတယ်။ မော်ဒယ် အသစ်မှာ ပြောင်းလဲမှုများကို ပံ့ပိုးပေးဖို့ CPU Board အသစ် ပါလာမှာပါ။

Nintendo က မကြာခင်ကပဲ လက်ကိုင် ဂိမ်းစက် အသစ်ဖြစ်တဲ့ Switch Lite ကို ကြေညာခဲ့ပါတယ်။ သတင်းထွက်နေတဲ့ Switch Pro ကို ကြေညာဖို့ အစောကြီး လိုပါသေးတယ်။ Nintendo ဝက်ဘ်ဆိုက်မှာတော့ Switch Model အသစ်ကို ဒီနှစ် သြဂုတ်လလယ်မှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

Ref : tnw