Nintendo လို့ဆိုလိုက်တာနဲ့ ဂိမ်မာတွေအများစုကတော့ Super Mario Run ၊ Fire Emblem : Heroes နဲ့ Animal Crossin : Pocket Camp တွေကြောင့် မသိတဲ့သူတွေ မရှိသလောက်ဖြစ်နေမှာပါ။ အခုအချိန်မှာတော့ Nintendo ကနေ ယခုနှစ်ထဲမှာ စမတ်ဖုန်းအတွက် Dragalia Lost နာမည်ရှိတဲ့ ဂိမ်းအသစ်တစ်ခုကို ထုတ်လုပ်ပေးသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

Dragalia Lost ဆိုတာကတော့ Nintendo နဲ့ Cygames တို့ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Action RPG ဂိမ်းတစ်ခုဖြစ်ပြီးတော့ အရင်ဆုံးအနေနဲ့ မကြာခင် Japan ၊ Taiwan ၊ Hong Kong နဲ့ Macau နိုင်ငံတွေမှာ အရင်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အခြားသော နိုင်ငံတွေအတွက်လည်း ထုတ်ပေးသွားမှာဖြစ်ပြီးတော့ North America နဲ့ Europe ကိုတော့ ယခုနှစ်ကုန်လောက်မှ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ဂိမ်းကိုကြေငြာတဲ့အပြင် Nintendo ဟာ ယခု Dragalia Lost ဂိမ်းရဲ့Trailer ကို ပါ ထုတ်ပြခဲ့ပြီး ဘယ်လိုကစားရမလဲဆိုတဲ့ Gameplay တွေကိုပါ ဖော်ပြေခဲ့ပါတယ်။

Source : Nintendo

အခုလိုမျိုး နာမည်ကြီး Console ဂိမ်းထုတ်လုပ်သူတွေဖြစ်တဲ့ Nintendo လိုမျိုး ဂိမ်းကုမ္ပဏီတွေက အခုလိုမျိုး စမတ်ဖုန်းတွေအတွက်ပါ ဂိမ်းအကောင်းစားတွေထုတ်လုပ်ပေးနေတဲ့အတွက် နောက်ပိုင်းမှာ Mobile Gaming က အခုထက် ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။