[Zawgyi]

မနေ့က Huawei P40 နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်း ၁ ခု တက်လာပါတယ်။ Huawei ရဲ့ တရားဝင် ပြင်သစ် တွစ်တာ အကောင့်ကနေ P40 Pro မှာ Graphene ဘက်ထရီ ပါမယ်လို့ မျှဝေခဲ့ပါတယ်။ ဒီသတင်းထွက်လာပြီးနောက်မှာ ဒီဘက်ထရီ နည်းပညာကို လက်ရှိမှာ မဖန်တီးနိုင်လောက်သေးဘူးဆိုတဲ့ ငြင်းခုန်မှုတွေ ထွက်လာခဲ့ပါတယ်။

Huawei ရဲ့ တရားဝင် ပြင်သစ် တွစ်တာ အကောင့်က အဲဒီပို့စ်ကို ဖျက်ခဲ့ပြီး အခုတော့ တရားဝင် ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ သတင်းဟာ မမှန်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ Huawei ရဲ့ အရာရှိတွေက ဒီ ဘက်ထရီ နည်းပညာဟာ အလှမ်းဝေးနေသေးပြီး စမတ်ဖုန်းတွေမှာ အခု ထည့်သွင်းပေးဖို့ မဖြစ်နိုင်ဘူးဆိုတာလည်းပြောခဲ့ပါတယ်။

အဲဒီ ဘက်ထရီ နည်းပညာက စိတ်ဝင်စားစရာကောင်းနေပါပြီ။ နည်းပညာ ကျွမ်းကျင်သူတွေက Graphene ဘက်ထရီ ပါတဲ့ စမတ်ဖုန်းတွေဟာ ၂၀၂၁ ခုနှစ်လောက်ကျမှ ပေါ်ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီ ဘက်ထရီ နည်းပညာဟာ အားသွင်း အမြန်နှုန်း အရမ်းလန်းပြီး အချိန်ကြာလာရင်လည်း ဘက်ထရီ စွမ်းဆောင်ရည် ကျဆင်းတာကို နည်းပါးစေပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆက ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Huawei က လာမယ့်နှစ် မတ်လကုန်မှာ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေကို ပဲရစ်မှာ ပြသမယ်လို့ မကြာခင်ကပဲ ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းတွေက Huawei P40 နဲ့ P40 Pro တို့ ဖြစ်ပြီး Google Services တွေ အစား Android 10 အခြေပြု EMUI 10 နဲ့ Huawei Mobile Services တွေ ပါလာမှာပါ။

Ref : gsmarena

[Zawgyi]

Huawei P40 မွာ Graphene ဘက္ထရီ မပါဘူးလို႔ အတည္ျပဳ

မေန႔က Huawei P40 နဲ႔ ပတ္သက္တဲ့ စိတ္၀င္စားစရာ သတင္း ၁ ခု တက္လာပါတယ္။ Huawei ရဲ႕ တရား၀င္ ျပင္သစ္ တြစ္တာ အေကာင့္ကေန P40 Pro မွာ Graphene ဘက္ထရီ ပါမယ္လို႔ မွ်ေ၀ခဲ့ပါတယ္။ ဒီသတင္းထြက္လာၿပီးေနာက္မွာ ဒီဘက္ထရီ နည္းပညာကို လက္ရွိမွာ မဖန္တီးႏိုင္ေလာက္ေသးဘူးဆိုတဲ့ ျငင္းခုန္မႈေတြ ထြက္လာခဲ့ပါတယ္။

Huawei ရဲ႕ တရား၀င္ ျပင္သစ္ တြစ္တာ အေကာင့္က အဲဒီပို႔စ္ကို ဖ်က္ခဲ့ၿပီး အခုေတာ့ တရား၀င္ ေၾကညာခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။ ကုမၸဏီက အဲဒီ သတင္းဟာ မမွန္ဘူးလို႔ အတည္ျပဳလိုက္ပါတယ္။ Huawei ရဲ႕ အရာရွိေတြက ဒီ ဘက္ထရီ နည္းပညာဟာ အလွမ္းေ၀းေနေသးၿပီး စမတ္ဖုန္းေတြမွာ အခု ထည့္သြင္းေပးဖို႔ မျဖစ္ႏုိင္ဘူးဆိုတာလည္းေျပာခဲ့ပါတယ္။

အဲဒီ ဘက္ထရီ နည္းပညာက စိတ္၀င္စားစရာေကာင္းေနပါၿပီ။ နည္းပညာ ကြ်မ္းက်င္သူေတြက Graphene ဘက္ထရီ ပါတဲ့ စမတ္ဖုန္းေတြဟာ ၂၀၂၁ ခုႏွစ္ေလာက္က်မွ ေပၚထြက္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ အဲဒီ ဘက္ထရီ နည္းပညာဟာ အားသြင္း အျမန္ႏႈန္း အရမ္းလန္းၿပီး အခ်ိန္ၾကာလာရင္လည္း ဘက္ထရီ စြမ္းေဆာင္ရည္ က်ဆင္းတာကို နည္းပါးေစပါတယ္။ ဘက္ထရီရဲ႕ သိပ္သည္းဆက ပိုေကာင္းလာမွာ ျဖစ္ပါတယ္။

Huawei က လာမယ့္ႏွစ္ မတ္လကုန္မွာ ေနာက္မ်ိဳးဆက္ စြမ္းရည္ျမင့္ ဖုန္းေတြကို ပဲရစ္မွာ ျပသမယ္လို႔ မၾကာခင္ကပဲ ေၾကညာလိုက္ပါတယ္။ အဲဒီ ဖုန္းေတြက Huawei P40 နဲ႔ P40 Pro တို႔ ျဖစ္ၿပီး Google Services ေတြ အစား Android 10 အေျချပဳ EMUI 10 နဲ႔ Huawei Mobile Services ေတြ ပါလာမွာပါ။

Ref : gsmarena