HMD Global ဟာ သုံးလပတ်တိုင်းမှာ သန်းပေါင်းများစွာသော Feature ဖုန်းတွေကို တင်ပို့ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာလည်း ယူနစ်ပေါင်း ၁၁ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ Counterpoint က ရေးသားဖော်ပြလိုက်ပါတယ်။

Feature ဖုန်းတွေဟာ ကုမ္ပဏီရဲ့ အဓိကစီးပွားရေးအစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေပြီး သူတို့ကလည်း ဒီလိုင်းကို ခေတ်နဲ့လျော်ညီတဲ့အားသစ်လောင်းမှုတွေပြုလုပ်နေတာကို တွေ့ရပါတယ်။ အခုလည်း LTE connectivity နဲ့ Nokia 110 4G နဲ့ Nokia 105 4G တို့ကို ပွဲထုတ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

Nokia 110 4G နဲ့ Nokia 105 4G တို့ဟာ Feature ဖုန်းတွေပဲ ဖြစ်ကြပေမဲ့ VoLTE နဲ့ အရည်အသွေးမြင့်HD Voice ခေါ်ဆိုမှုကို ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သာမန် 2G audio အရည်အသွေးနဲ့နှိုင်းယှဉ်ရင်တော့ ကြီးမားတဲ့အပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။

မော်ဒယ်သစ်နှစ်မျိုးမှာတော့ Single နဲ့ Dual-SIM ဗားရှင်းဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ မော်ဒယ်သစ်နှစ်မျိုးစလုံးဟာ သေးငယ်တဲ့အရွယ်အစားဖြစ်ပေမယ့် သီချင်းနားထောင်တာ၊ ဖုန်းခေါ်ဆိုတာတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေ ရှိတယ်လို့ သိရပါတယ်။ Nokia 110 4G မှာ ကင်မရာပါဝင်ပေမယ့် Resolution ကတော့ သိပ်အများကြီးမဟုတ်ဘူးလို့ ယူဆရပါတယ်။ နောက်တစ်ခုက Standard 3.5mm headphone jack ပါဝင်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးဟာ 1.8-inch အရွယ် 120x160px resolution မျက်နှာပြင်ကိုယ်စီ ရှိပါတယ်။ HMD ရဲ့ မော်ဒယ်သစ် ဖုန်းနှစ်မျိုးဟာ သက်ကြီးရွယ်အို၊ အဖိုးအဖွားတွေအတွက်တော့ အဆင်ပြေပြေအသုံးပြုနိုင်မယ့် အမျိုးအစားလို့ ဆိုနိုင်ပါတယ်။ MicroSD လည်း တပ်ဆင်အသုံးပြုနိုင်ပြီး 32GB အထိ ထောက်ပံ့ပေးပါတယ်။ FM radio ကိုလည်း Headphones တပ်စရာမလိုဘဲ ဖမ်းယူနားဆင်နိုင်ပါတယ်။

တပ်ဆင်ပေးထားတဲ့ဘက်ထရီပမာဏကတော့ 10,20mah တွေဖြစ်ကြပြီး ဖုန်းခေါ်ဆိုမှုအတွက် ၅ နာရီ (2G နဲ့ခေါ်ဆိုရင် ၁၆ နာရီအထိ) အသုံးပြုနိုင်တယ်လို့သိရပါတယ်။ micro USB ကြိုးသုံးပြီးအားသွင်းနိုင်တယ်လို့လည်းသိရပါတယ်။ ဈေးနှုန်းကိုမသိရသေးပေမယ့် Nokia 110 (2019) က $20  နဲ့ Nokia 105 က $15 သာဖြစ်တာကြောင့် အခုမော်ဒယ်သစ်တွေဖြစ်တဲ့ Nokia 110 4G နဲ့ Nokia 105 4G တို့လည်း ဒီဈေးနှုန်းဝန်းကျင်တွေပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena