အခုအချိန်မှာ Budget စမတ်ဖုန်းတွေအများအပြားရှိနေပြီဖြစ်ပေမယ့် ပုံမှန်ဖုန်းပြောဖို့အတွက် Keypad ဖုန်းတွေကိုလည်း အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အခုလည်း Nokia ကနေ တရုတ်နိုင်ငံမှာ Nokia 125 နဲ့ Nokia 150 လို့နာမည်ပေးထားတဲ့ Keypad Feature ဖုန်းအသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Nokia 125 နဲ့ 150 Keypad ဖုန်းတွေရဲ့ ထူးခြားချက်ကတော့ MediaTek Chipset ကို အသုံးပြုထားတာဖြစ်ပြီး 4MB RAM နဲ့ 4MB ROM ပဲပါဝင်မှာဖြစ်ပါတယ်။ Nokia ကတော့ အဆိုပါ MediaTek Chipset အကြောင်းကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။

Nokia 125 နဲ့ 150 ဖုန်းတွေဟာ 2.5″ QVGA TFT LCD Screen နဲ့ Polycarbonate Body ကို အသုံးပြုထားပြီး Dual SIM အသုံးပြုနိုင်မှာဖြစ်ပေမယ့် 2G Network ကိုပဲ အသုံးပြုနိုင်မယ်လို့သိရပါတယ်။ Battery အနေနဲ့ ဖြုတ်လဲနိုင်တဲ့ 1020mAh Battery ပါဝင်မှာဖြစ်ပြီး MicroUSB ကနေပဲ အားသွင်းရမှာပါ။

Nokia 150 မှာတော့ VGA Camera ပါဝင်လာတာပဲ ကွာခြားသွားမှာဖြစ်ပြီး အဆိုပါဖုန်း ၂ လုံးစလုံးမှာ LED Flash ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် New Snake Game နဲ့ Wireless Radio တွေကိုလည်း Support ပေးနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Nokia 125 ကို ၁၈၉ ယွမ် (မြန်မာငွေ ၃ သောင်း ၇ ထောင်ဝန်းကျင်) ၊ Nokia 150 ကိုတော့ ၂၂၅ ယွမ် (မြန်မာငွေ ၄ သောင်းခွဲဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China