Zawgyi

၂၀၁၉ ခုႏွစ္ဇြန္လမွာ Nokia 2.2 စမတ္ဖုန္းကို Entry-level ဟန္းဆက္တစ္ခုအျဖစ္ မိတ္ဆက္လာခဲ့ပါတယ္။ ၄င္းမွာ Helio 22 ခ်စ္ပ္ဆက္နဲ႔အတူ Waterdrop Notch ပါတဲ့ 5.71” လက္မအရြယ္ HD+ Display ျဖင့္ ထြက္ရွိလာခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ HMD Global ကုမၸဏီဟာ သူ႕ရဲ႕မ်ဳိးဆက္သစ္အျဖစ္ Nokia 2.3 ဖုန္းကို ထုတ္လုပ္ဖို႔ ျပင္ဆင္လာပါၿပီ။

ဒီတစ္ခါေပါက္ၾကားလာတဲ့ သတင္းရင္းျမစ္က ျဖန္႔ခ်ိသူတစ္ေယာက္ရဲ႕ Database ကေနျဖစ္ၿပီး Nokia 2.3 ဆုိတဲ့ အမည္ကို စတင္ျမင္ေတြ႕ခဲ့ရတာပါ။ အဆုိပါဆုိက္ရဲ႕ ေဖာ္ျပခ်က္အရ Nokia 2.3 ရဲ႕ ေမာ္ဒယ္နံပါတ္က TTA-1206 ျဖစ္ၿပီး Dual-SIM ေထာက္ပံ့ေပးတယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ဒီဖုန္းဟာ Sand, Cyan Green နဲ႔ Charcoal ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ေရာက္ရွိလာမယ္ ဆုိတာကိုလည္း ေဖာ္ျပခဲ့တယ္။

ဒီမွာျမင္ေတြ႕ခဲ့ရတဲ့ Nokia 2.3 ရဲ႕ေမာ္ဒယ္နံပါတ္ TA-1206 ကိုျမင္ရတာ အခုပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ ဒီနံပါတ္နဲ႔ ဟန္းဆက္တစ္ခုဟာ FCC ဝက္ဆုိက္မွာလည္း အတည္ျပဳခ်က္ေတာင္းခံခဲ့ေသးၿပီး အေစာပုိင္းကာလမွာေတာ့ ဒီဖုန္းဟာ Nokia 5.2 ျဖစ္မယ္လို႔ ယူဆခဲ့ၾကတာပါ။

အထက္ပါအခ်က္အလက္ေတြကလြဲရင္ Nokia 2.3 ရဲ႕ Specs ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ Nokia 2.2 နဲ႔ ထြက္ရွိရက္ သိပ္မကြာျခားလွတာေၾကာင့္ ေျပာင္းလဲမႈအရမ္းႀကီးႀကီးမားမားေတာ့ ျမင္ရမယ္လို႔ မထင္ပါဘူး။ Nokia 2.2 တုန္းက Nokia 2.1 ထက္ ပိုႀကီးတဲ့ Display နဲ႔ထြက္လာခဲ့သလို 28nm Snapdragon 425 ကေန MediaTek ရဲ႕ 12nm Helio A22 ကို ေျပာင္းလဲလာခဲ့ပါတယ္။ ကင္မရာ၊ ဘကၳရီနဲ႔ မန္မုိရီတုိ႔ကိုလည္း သိသာတဲ့ေျပာင္းလဲျမွင့္တင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

Nokia 2.3 ဟာ Android One စမတ္ဖုန္းတစ္ခုအျဖစ္ ထြက္ရွိလာမွာျဖစ္ေပမယ့္ Android 10 ကိုေတာ့ ထြက္ထြက္ခ်င္း ျမင္ရခ်င္မွ ျမင္ရပါလိမ့္မယ္။ ဒါေပမယ့္ Android Pie နဲ႔ထြက္လာခဲ့ရင္ေတာင္္ သိပ္မၾကာခင္ Update ထုတ္ေပးမွာေတာ့ ေသခ်ာပါတယ္။

Ref – Gizmo China

Unicode

၂၀၁၉ ခုနှစ်ဇွန်လမှာ Nokia 2.2 စမတ်ဖုန်းကို Entry-level ဟန်းဆက်တစ်ခုအဖြစ် မိတ်ဆက်လာခဲ့ပါတယ်။ ၎င်းမှာ Helio 22 ချစ်ပ်ဆက်နဲ့အတူ Waterdrop Notch ပါတဲ့ 5.71” လက်မအရွယ် HD+ Display ဖြင့် ထွက်ရှိလာခဲ့တာဖြစ်ပြီး အခုအခါမှာတော့ HMD Global ကုမ္ပဏီဟာ သူ့ရဲ့မျိုးဆက်သစ်အဖြစ် Nokia 2.3 ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်လာပါပြီ။

ဒီတစ်ခါပေါက်ကြားလာတဲ့ သတင်းရင်းမြစ်က ဖြန့်ချိသူတစ်ယောက်ရဲ့ Database ကနေဖြစ်ပြီး Nokia 2.3 ဆိုတဲ့ အမည်ကို စတင်မြင်တွေ့ခဲ့ရတာပါ။ အဆိုပါဆိုက်ရဲ့ ဖော်ပြချက်အရ Nokia 2.3 ရဲ့ မော်ဒယ်နံပါတ်က TTA-1206 ဖြစ်ပြီး Dual-SIM ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ Sand, Cyan Green နဲ့ Charcoal ဆိုပြီး အရောင်သုံးမျိုးနဲ့ ရောက်ရှိလာမယ် ဆိုတာကိုလည်း ဖော်ပြခဲ့တယ်။

ဒီမှာမြင်တွေ့ခဲ့ရတဲ့ Nokia 2.3 ရဲ့မော်ဒယ်နံပါတ် TA-1206 ကိုမြင်ရတာ အခုပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနံပါတ်နဲ့ ဟန်းဆက်တစ်ခုဟာ FCC ဝက်ဆိုက်မှာလည်း အတည်ပြုချက်တောင်းခံခဲ့သေးပြီး အစောပိုင်းကာလမှာတော့ ဒီဖုန်းဟာ Nokia 5.2 ဖြစ်မယ်လို့ ယူဆခဲ့ကြတာပါ။

အထက်ပါအချက်အလက်တွေကလွဲရင် Nokia 2.3 ရဲ့ Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Nokia 2.2 နဲ့ ထွက်ရှိရက် သိပ်မကွာခြားလှတာကြောင့် ပြောင်းလဲမှုအရမ်းကြီးကြီးမားမားတော့ မြင်ရမယ်လို့ မထင်ပါဘူး။ Nokia 2.2 တုန်းက Nokia 2.1 ထက် ပိုကြီးတဲ့ Display နဲ့ထွက်လာခဲ့သလို 28nm Snapdragon 425 ကနေ MediaTek ရဲ့ 12nm Helio A22 ကို ပြောင်းလဲလာခဲ့ပါတယ်။ ကင်မရာ၊ ဘက္ထရီနဲ့ မန်မိုရီတို့ကိုလည်း သိသာတဲ့ပြောင်းလဲမြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Nokia 2.3 ဟာ Android One စမတ်ဖုန်းတစ်ခုအဖြစ် ထွက်ရှိလာမှာဖြစ်ပေမယ့် Android 10 ကိုတော့ ထွက်ထွက်ချင်း မြင်ရချင်မှ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် Android Pie နဲ့ထွက်လာခဲ့ရင်တောင် သိပ်မကြာခင် Update ထုတ်ပေးမှာတော့ သေချာပါတယ်။

Ref – Gizmo China