HMD Global က အရင်နှစ် ဒီဇင်ဘာလမှာ တန်ဖိုးနည်း Nokia 2.3 ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် Nokia 2.4 ကို ချပြတော့မယ်လို့ ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Geekbench မှာ တွေ့လာရပြီး အဓိက Specs တချို့ကို ဖော်ပြထားပါတယ်။

Geekbench က စာရင်းအရ Nokia 2.4 မှာ MediaTek MT6762V/WB Chipset ပါလာမယ်လို့ ဖော်ပြထားပြီး MediaTek Helio P22 SoC ဖြစ်ပါတယ်။ Nokia 2.3 မှာ MediaTek Helio A22 Processor ထည့်ထားတာပါ။ Geekbench က စာရင်းအရ Nokia 2.4 မှာ 2GB RAM ပါလာမယ်လို့ ဖော်ပြထားပြီး Storage ပမာဏကို မသိရသေးပါဘူး။ 16GB or 32GB ထည့်ထားနိုင်ပါတယ်။ Single-core Test မှာ ၁၃၆ မှတ်နဲ့ Multi-core Test မှာ ၄၉၇ မှတ်ရထားပါတယ်။

အဲဒီ စမတ်ဖုန်းကို Geekbench မှာတွေ့လာရပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ သတင်းအချက်အလက်တွေ ပိုထွက်ပေါ်လာနိုင်ပါတယ်။

ဒီအချိန်မှာပဲ HMD Global က အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 690 SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီဖုန်းဟာ 5G ထောက်ပံ့ထားပြီး Nokia 8.3 ထက် ဈေးနည်းနိုင်ပါတယ်။

Ref : gizmochina