Nokia Power User က မော်ဒယ်နံပါတ် TA-1398 ပါတဲ့ Nokia N139DL Flip ဖုန်းဟာ FCC (Federal Communications Commission) ကို ရောက်လာပြီလို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specification တွေကို Nokia Power User က ဖော်ပြလိုက်ပါတယ်။ အဲဒီ ဖုန်းကို Nokia 2760 Flip 4G နာမည်နဲ့ ရောင်းချနိုင်ပြီး KaiOS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Nokia 2760 Flip 4G ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို Tracfone မှာ စာရင်းတင်ထားတယ်လို့ Nokia Power User က ပြောပါတယ်။ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံနဲ့ Specification တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Nokia 2760 Flip 4G

Nokia 2760 Flip 4G ရဲ့ အရွယ်အစား အပြည့်အစုံက 4.33 x 2.28 x 0.76 inches ဖြစ်ပြီး အလေးချိန်က ၄.၈ အောင်စ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 240x320p Resolution ရှိပြီး ၆.၈ နာရီကြာ ဖုန်းပြောနိုင်တဲ့ 1,450mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Standby ထားရင် ၁၃.၇ နာရီ ခံပါတယ်။

The best flip phones you can buy - Android Authority

အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Internal Storage ကို မသိရသေးပါဘူး။ microSD Card Slot ပါလာတယ်လို့ ဖော်ပြထားပါတယ်။

4G, WiFi, Bluetooth , GPS, Multimedia Messaging , MP3 Player စတဲ့ လုပ်ဆောင်ချက်တွေပါလာမှာ ဖြစ်ပြီး မျက်နှာပြင်က အရောင်တွေကို ထောက်ပံ့ပါတယ်။  Nokia 6300, Nokia 2720 Flip, Nokia 800 Tough, Nokia 8000 နဲ့ Nokia 8110 တို့ပြီးနောက် Nokia 2760 Flip 4G ဟာ KaiOS ပါတဲ့ ၆ လုံးမြောက် ဖုန်း ဖြစ်လာမှာပါ။

Ref : gizmochina