HMD Global က Nokia 3.2 အတွက် Android 10 Update ကို စတင် ဖြန့်ချိပေးလိုက်ပြီး Android 10 ရတဲ့ ၉ လုံးမြောက် Nokia စမတ်ဖုန်း ဖြစ်လာပါတယ်။ Firmware အသစ်ရဲ့ Version က V2.270 ဖြစ်ပြီး ဖိုင်အရွယ်အစားဟာ 1.3GB ရှိပါတယ်။ Update မှာ UI အသစ်၊ မတ်လအတွက် Security Patch ၊ Dark Mode ၊ Smart Reply တွေ ပါလာပြီး တည်နေရာနဲ့ Privacy ပိုကောင်းလာပါတယ်။ Navigation Gestures ကိုလည်း အဆင့်မြှင့်ထားပါတယ်။

HMD က Nokia 3.2 အတွက် Android 10 ကို အသုတ်ခွဲပြီး ဖြန့်ချိပေးမယ်လို့ ပြောပြီး ပထမဆုံး ရမယ့် နိုင်ငံ ၃၂ ခုကို အောက်မှာ လေ့လာပါ။

  • Armenia
  • Azerbaijan
  • Bangladesh
  • Belarus
  • Belgium
  • Cambodia
  • Denmark
  • Estonia
  • Finland
  • Georgia
  • Hong Kong
  • Iceland
  • India
  • Kazakhstan
  • Laos
  • Latvia
  • Lithuania
  • Luxembourg
  • Macau
  • Malaysia
  • Mongolia
  • Myanmar
  • Nepal
  • Netherlands
  • Norway
  • Philippines
  • Russia
  • Sri Lanka
  • Sweden
  • Thailand
  • Ukraine
  • Vietnam

လက်ရှိမှာ Nokia 3.2 ရဲ့ ၁၀ ရာခိုင်နှုန်း၊ ဧပြီလ ၁၀ ရက်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဧပြီလ ၁၂ ရက်မှာ ၁၀၀ ရာခိုင်နှုန်း ဖြန့်ချိပေးမှာပါ။ Android 10 ဒုတိယ အသုတ် ရမယ့် နိုင်ငံတွေကို မကြာခင် ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena