HMD Global ဟာ စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမယ့် IFA 2020 Event မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ Event မှာ Nokia စမတ်ဖုန်းအသစ်တွေအများအပြားကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

အခုလည်း အဆိုပါ Event မှာ မိတ်ဆက်သွားမယ့် စမတ်ဖုန်းအသစ်တစ်လုံးဖြစ်လာနိုင်တဲ့ Nokia 3.4 ဖုန်းအသစ်ရဲ့ Specification တွေအပြင် Render ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါ Nokia 3.4 ဖုန်းဟာ Codename အနေနဲ့ “Doctor Strange” လို့ နာမည်ပေးထားပြီးတော့ Budget စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Specification ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 662 သို့မဟုတ် Snapdragon 460 ဖြစ်လာနိုင်ပြီး RAM 3GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါက ယခင် MediaTek Helio P22 Chipset ထက်တော့ သိသိသာသာကို စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ အနည်းဆုံး 64GB ပါဝင်လာနိုင်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP + 2MP + 5MP Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ Punch-hole Design ပြုလုပ်ထားပြီး 8MP Sensor ကို ထည့်သွင်းထားမှာပါ။ Display အနေနဲ့ကတော့ 6.5″ 19:9 HD+ Display ကိုအသုံးပြုထားမှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး MicroUSB ကနေ တစ်ဆင့် 10W Charging ကို Support ပြုလုပ်မှာပါ။ 3.5mm Audio Jack လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Design ပိုင်းအရတော့ စက်ဝိုင်းပုံစံ Camera Setup အပြင် Polycarbonate Body ကို အသုံးပြုထားတာကို တွေ့ရပါတယ်။

Ref – GSM Arena