Nokia ဖုန်းတွေ Android ဈေးကွက်ထဲကိုပြန်ဝင်လာတဲ့အချိန်ကစလို့ ဝယ်ယူသူပရိတ်သတ်တွေဆီက တုန့်ပြန်မှုကောင်းတွေပြန်လည်ရရှိခဲ့ပါတယ်။ HMD ရဲ့လက်အောက်မှာ Nokia ဖုန်းတွေ ပြန်လည်အောင်မြင်လာတာကြောင့် ဈေးကွက်ထဲမှာ နေရာအခိုင်အမာပြန်ရလာနေပါပြီ။

Android ကိုအသုံးပြုထားပေမယ့် အခြားဖုန်းကုမ္ပဏီတွေလိုမျိုး Skin တွေ Launcher တွေပြန်ထပ်ထားတာမျိုးမလုပ်ဘဲ Pure Android ကိုပဲအသုံးပြုပေးထားတာပါ။ Nokia ရဲ့ဈေးကွက်ယှဉ်ပြိုင်မှုက အခြားဖုန်းတွေနဲ့မတူပဲ Android ကိုရိုးရိုးရှင်းရှင်းပဲဖြစ်အောင်လုပ်ပေးထားတာပါ။

Pure Android ဖြစ်တာကြောင့် Software Update နဲ့ပတ်သက်လာရင်တော့ စိတ်ချရပါတယ်။ Google က Android Update ထုတ်ပေးတိုင်း အချိန်အကြာကြီးစောင့်စရာမလိုပါဘူး။ အခုလည်း Software Update နဲ့ပတ်သက်လို့ သတင်းတွေထွက်လာပါတယ်။ လက်ရှိ Nokia 5 နဲ့ Nokia 6 ဖုန်းတွေဟာ Android P Update ကိုရရှိနိုင်မယ်လို့သိရပါတယ်။

နောက်ထပ်ဖုန်းအသစ်တစ်လုံးကလည်း Android P နဲ့လာမှာပါ။ အဲ့တာကတော့ Nokia 3 (2018) ပါ။ Nokia 3 အသစ်နဲ့ ပတ်သက်လို့တော့ အသေးစိတ်ဘာမှမသိရသေးပါဘူး။ Nokia 3 Series တွေကတော့ တန်ဖိုးသင့်စမတ်ဖုန်းတွေဖြစ်တာကြောင့် Spec တွေကတော့ သိပ်ပြီးမျှော်လင့်စရာမရှိပါဘူး။ မိတ်ဆက်မယ့်ရက်ကိုတော့ Nokia ကကြေငြာထားခြင်းမရှိသေးတာကြောင့် Leak တွေကတော့ ဒီကြားထဲမှာ ထွက်လာနိုင်ပါသေးတယ်။