[Zawgyi]

Nokia ဟာ Operating System (OS) Update အပိုင္းမွာ ေတာ္ေတာ္ေလးကို ေလးစားအားက်စရာေကာင္းတဲ့ စမတ္ဖုန္းကုမၸဏီ ျဖစ္ပါတယ္။ Nokia ကို Google Pixel စမတ္ဖုန္းေတြၿပီးရင္ Android OS Update အေစာဆုံး ရရွိတဲ့ စမတ္ဖုန္းေတြအျဖစ္ လူသိမ်ားၾကပါတယ္။ ဒါ့အျပင္ သုေတသနကုမၸဏီတစ္ခုျဖစ္တဲ့ Counterpoint Research ကလည္း Nokia ဟာ Android OS Update အပိုင္းမွာ အေကာင္းဆုံး စမတ္ဖုန္းကုမၸဏီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ထုတ္ျပန္ေၾကညာထားပါေသးတယ္။

Nokia ကေန အခုေနာက္ပိုင္းမိတ္ဆက္တဲ့ စမတ္ဖုန္းေတြက Google ရဲ႕ Android One Program ကို အသုံးျပဳေနတာျဖစ္တဲ့အတြက္ လုံးဝ Stock Android Experience ကို ခံစားႏိုင္မွာပါ။ ဒါ့အျပင္ OS Update ကိုလည္း ၃ႏွစ္အၾကာထိ ပံ့ပိုးေပးမွာျဖစ္ေၾကာင္း Nokia က အာမခံထားပါေသးတယ္။ အခုဆိုရင္ ၂၀၁၇ခုႏွစ္တုန္းက Android 7 Nougat နဲ႔ ထြက္ရွိခဲ့တဲ့ Nokia 5 အပါအဝင္ တျခားေသာ Nokia စမတ္ဖုန္းေတြဟာ Android 9 Pie ကို အသုံးျပဳႏိုင္ေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကမွ Stable Version အေနနဲ႔ ထြက္ခဲ့တဲ့ Android 10 ကိုလည္း Nokia 3.2 နဲ႔ 2.2 အပါအဝင္ တျခားေသာ Nokia စမတ္ဖုန္းေတြမွာ အသုံးျပဳႏိုင္ေအာင္ ပံ့ပိုးေပးဖို႔ Nokia က ျပင္ဆင္ေနေၾကာင္း သတင္းေတြ ထြက္ထားပါေသးတယ္။

Nokia 3.2 နဲ႔ 2.2 တို႔ဟာ ၂၀၁၉ခုႏွစ္ထဲမွာ ထြက္ရွိထားတဲ့ Nokia ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္ၾကၿပီး သိပ္မၾကာခင္မွာ ျပည္တြင္းေစ်းကြက္ထဲကို ဝင္ေရာက္လာေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Nokia 3.2 မွာဆိုရင္ 6.26” 720p LCD Display ပါရွိၿပီး 10W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားတဲ့ 4000mAh Battery ကို ထည့္သြင္းထားပါတယ္။

Power အပိုင္းကို အေလးေပးထားတဲ့ စမတ္ဖုန္းျဖစ္ၿပီး၊ တခါအားသြင္း႐ုံနဲ႔ ၂ရက္အသုံးခံမယ္လို႔ ဆိုပါတယ္။ ဒီလိုေျပာရတဲ့ အေၾကာင္းအရင္းကေတာ့ ဘက္ထရီ စားသုံးမႈကို Artificial Intelligence (A.I) နည္းပညာနဲ႔ ေခြၽတာေပးႏိုင္တဲ့ Google ရဲ႕ Adaptive Battery နဲ႔ Display အလင္းအေမွာင္ကို အေျခအေနအေပၚ မူတည္ၿပီး အလိုအေလ်ာက္ခ်ိန္ေပးႏိုင္တဲ့ Adaptive Brightness စနစ္ေတြဟာ Nokia 3.2 မွာ ပါဝင္လာလို႔ ျဖစ္ႏိုင္ပါတယ္။ Nokia 3.2 က Android 9 Pie (Android One) နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္သလို Adaptive Battery နဲ႔ Adaptive Brightness ေတြကလည္း Android 9 Pie မွာ စတင္ပါဝင္လာတဲ့ A.I နည္းပညာ အသုံးျပဳ ဘက္ထရီေခြၽတာေရးေတြစနစ္ ျဖစ္ပါတယ္။

Nokia 3.2 မွာ ထူးထူးျခားျခားပဲ Google Assistant ကို သီးသန္႔ခလုတ္တစ္ခုနဲ႔ ထည့္သြင္းေပးထားပါတယ္။ ဒီေတာ့ Google Assistant အၿမဲသုံးျဖစ္တဲ့ သူေတြအေနနဲ႔ Touch Screen ကို လက္ႀကီးနဲ႔ ဖိႏွိပ္စရာမလိုေတာ့ပါဘူး။ အဲ့ဒီအစား ဖုန္းရဲ႕ ေဘးဘက္မွာပါတဲ့ ခလုတ္ေလးကို ႏွိပ္လိုက္႐ုံနဲ႔ Google Assistant အသုံးျပဳႏိုင္ပါၿပီ။ ( Google Assistant ဆိုတာ မိမိ ျပဳလုပ္လိုတာေတြကို အသံနဲ႔ ခိုင္းေစႏိုင္တဲ့ စနစ္ ျဖစ္ပါတယ္ )

Nokia 3.2 ရဲ႕ Processor အပိုင္းအတြက္ 12nm Architecture အေပၚမွာ အေျခခံတည္ေဆာက္ထားတဲ့ Snapdragon 429 SoC ကို အသုံးျပဳထားပါတယ္။ RAM 2GB / Storage 16GB နဲ႔ RAM 3GB / Storage 32GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။ ကင္မရာအပိုင္းအတြက္ A.I စနစ္ပါတဲ့ Aperture f/2.2 အက်ယ္ရွိ 13MP Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.2 အက်ယ္ရွိ 5MP Selfie Camera ကို တပ္ဆင္ေပးထားပါတယ္။ အဆိုပါ Selfie Camera ကေန တဆင့္ Eyes-open Detection ပါတဲ့ Face Unlock လုံၿခဳံေရးစနစ္ကို အသုံးျပဳႏိုင္မွာပါ။ Fingerprint Sensor ကေတာ့ RAM 3GB / Storage 32GB ေမာ္ဒယ္မွာပဲ ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။

Nokia 2.2 မွာေတာ့ 5.72” 720p LCD Display ပါရွိၿပီး 3000mAh Battery ထည့္သြင္းထားပါတယ္။ Processor အပိုင္းအတြက္ 12nm Architecture အေပၚမွာ အေျခခံတည္ေဆာက္ထားတဲ့ MediaTek Helio A22 SoC ကို အသုံးျပဳထားၿပီး RAM 2GB / Storage 16GB ပါရွိမွာ ျဖစ္ပါတယ္။ Nokia 2.2 ရဲ႕ ေနာက္ေက်ာဘက္ Camera Sensor က Nokia 3.2 နဲ႔ တူညီၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာ 5MP Selfie Camera ကို တပ္ဆင္ထားပါတယ္။ Nokia 2.2 မွာ Fingerprint Sensor မပါဝင္ေတာ့ေပမယ့္ Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Nokia 3.2 နဲ႔ 2.2 တို႔ဟာ သိပ္မၾကာခင္မွာ ျမန္မာႏိုင္ငံေစ်းကြက္ထဲကို ဝင္ေရာက္လာေတာ့မယ္လို႔ ယူဆရၿပီး ေစ်းႏႈန္းအားျဖင့္ Nokia 3.2 က ၂သိန္း ဝန္းက်င္နဲ႔ Nokia 2.2 က ၁သိန္း ဝန္းက်င္ ဒါမွမဟုတ္ ၁သိန္းခြဲ ဝန္းက်င္ က်သင့္ႏိုင္ပါတယ္။ ဒီေတာ့ Nokia 3.2 က Samsung Galaxy A10s, Oppo A5s, Vivo Y93 တို႔နဲ႔ ေစ်းတန္းသိပ္မကြာတဲ့ အေနအထားမွာ ရွိေနသလို Nokia 2.2 ကလည္း Samsung Galaxy A10, Oppo A1K, Vivo Y90 တို႔နဲ႔ ေစ်းတန္းသိပ္မကြာတဲ့ အေနအထားမွာ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ၂သိန္း ဝန္းက်င္ ဒါမွမဟုတ္ ၁သိန္း၊ ၁သိန္းခြဲ ဝန္းက်င္ ဖုန္းတစ္လုံးေလာက္ ဝယ္ဖို႔ စဥ္းစားေနတယ္ဆိုရင္ ၃ႏွစ္ OS Update ရမယ့္ Nokia 3.2 နဲ႔ 2.2 တို႔ကို ေစာင့္ၾကည့္ၿပီး ထည့္သြင္းစဥ္းစားသင့္တယ္လို႔ ျမင္မိပါတယ္။

Nokia Myanmar အေနနဲ႔ Unicode စနစ္ ေျပာင္းလဲ အသုံးျပဳေရးအတြက္ တေထာင့္တေနရာကေန ပါဝင္ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ တရားဝင္ထုတ္ေဖာ္ေၾကညာထားတဲ့အတြက္ ျပည္တြင္းဝင္မယ့္ မ်ိဴးဆက္သစ္ Nokia စမတ္ဖုန္းေတြမွာ Unicode စနစ္ တမ်ိဴးတည္းသာ ပါဝင္ေတာ့မွာ ျဖစ္ပါတယ္။

[Unicode]

၃နှစ် Android OS Update ရမယ့် တန်ဖိုးနည်းဖုန်း Nokia 3.2 နဲ့ 2.2 ပြည်တွင်းကို ဝင်လာဖွယ်ရှိ

Nokia ဟာ Operating System (OS) Update အပိုင်းမှာ တော်တော်လေးကို လေးစားအားကျစရာကောင်းတဲ့ စမတ်ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။ Nokia ကို Google Pixel စမတ်ဖုန်းတွေပြီးရင် Android OS Update အစောဆုံး ရရှိတဲ့ စမတ်ဖုန်းတွေအဖြစ် လူသိများကြပါတယ်။ ဒါ့အပြင် သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ကလည်း Nokia ဟာ Android OS Update အပိုင်းမှာ အကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထုတ်ပြန်ကြေညာထားပါသေးတယ်။

Nokia ကနေ အခုနောက်ပိုင်းမိတ်ဆက်တဲ့ စမတ်ဖုန်းတွေက Google ရဲ့ Android One Program ကို အသုံးပြုနေတာဖြစ်တဲ့အတွက် လုံးဝ Stock Android Experience ကို ခံစားနိုင်မှာပါ။ ဒါ့အပြင် OS Update ကိုလည်း ၃နှစ်အကြာထိ ပံ့ပိုးပေးမှာဖြစ်ကြောင်း Nokia က အာမခံထားပါသေးတယ်။ အခုဆိုရင် ၂၀၁၇ခုနှစ်တုန်းက Android 7 Nougat နဲ့ ထွက်ရှိခဲ့တဲ့ Nokia 5 အပါအဝင် တခြားသော Nokia စမတ်ဖုန်းတွေဟာ Android 9 Pie ကို အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ Stable Version အနေနဲ့ ထွက်ခဲ့တဲ့ Android 10 ကိုလည်း Nokia 3.2 နဲ့ 2.2 အပါအဝင် တခြားသော Nokia စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်အောင် ပံ့ပိုးပေးဖို့ Nokia က ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ထားပါသေးတယ်။

Nokia 3.2 နဲ့ 2.2 တို့ဟာ ၂၀၁၉ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Nokia ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်ကြပြီး သိပ်မကြာခင်မှာ ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ Nokia 3.2 မှာဆိုရင် 6.26” 720p LCD Display ပါရှိပြီး 10W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4000mAh Battery ကို ထည့်သွင်းထားပါတယ်။

Power အပိုင်းကို အလေးပေးထားတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ တခါအားသွင်းရုံနဲ့ ၂ရက်အသုံးခံမယ်လို့ ဆိုပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းအရင်းကတော့ ဘက်ထရီ စားသုံးမှုကို Artificial Intelligence (A.I) နည်းပညာနဲ့ ချွေတာပေးနိုင်တဲ့ Google ရဲ့ Adaptive Battery နဲ့ Display အလင်းအမှောင်ကို အခြေအနေအပေါ် မူတည်ပြီး အလိုအလျောက်ချိန်ပေးနိုင်တဲ့ Adaptive Brightness စနစ်တွေဟာ Nokia 3.2 မှာ ပါဝင်လာလို့ ဖြစ်နိုင်ပါတယ်။ Nokia 3.2 က Android 9 Pie (Android One) နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်သလို Adaptive Battery နဲ့ Adaptive Brightness တွေကလည်း Android 9 Pie မှာ စတင်ပါဝင်လာတဲ့ A.I နည်းပညာ အသုံးပြု ဘက်ထရီချွေတာရေးတွေစနစ် ဖြစ်ပါတယ်။

Nokia 3.2 မှာ ထူးထူးခြားခြားပဲ Google Assistant ကို သီးသန့်ခလုတ်တစ်ခုနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတော့ Google Assistant အမြဲသုံးဖြစ်တဲ့ သူတွေအနေနဲ့ Touch Screen ကို လက်ကြီးနဲ့ ဖိနှိပ်စရာမလိုတော့ပါဘူး။ အဲ့ဒီအစား ဖုန်းရဲ့ ဘေးဘက်မှာပါတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ Google Assistant အသုံးပြုနိုင်ပါပြီ။ ( Google Assistant ဆိုတာ မိမိ ပြုလုပ်လိုတာတွေကို အသံနဲ့ ခိုင်းစေနိုင်တဲ့ စနစ် ဖြစ်ပါတယ် )

Nokia 3.2 ရဲ့ Processor အပိုင်းအတွက် 12nm Architecture အပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ Snapdragon 429 SoC ကို အသုံးပြုထားပါတယ်။ RAM 2GB / Storage 16GB နဲ့ RAM 3GB / Storage 32GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။ ကင်မရာအပိုင်းအတွက် A.I စနစ်ပါတဲ့ Aperture f/2.2 အကျယ်ရှိ 13MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.2 အကျယ်ရှိ 5MP Selfie Camera ကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ Selfie Camera ကနေ တဆင့် Eyes-open Detection ပါတဲ့ Face Unlock လုံခြုံရေးစနစ်ကို အသုံးပြုနိုင်မှာပါ။ Fingerprint Sensor ကတော့ RAM 3GB / Storage 32GB မော်ဒယ်မှာပဲ ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

Nokia 2.2 မှာတော့ 5.72” 720p LCD Display ပါရှိပြီး 3000mAh Battery ထည့်သွင်းထားပါတယ်။ Processor အပိုင်းအတွက် 12nm Architecture အပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ MediaTek Helio A22 SoC ကို အသုံးပြုထားပြီး RAM 2GB / Storage 16GB ပါရှိမှာ ဖြစ်ပါတယ်။ Nokia 2.2 ရဲ့ နောက်ကျောဘက် Camera Sensor က Nokia 3.2 နဲ့ တူညီပြီး ရှေ့ဘက်မျက်နှာပြင်မှာ 5MP Selfie Camera ကို တပ်ဆင်ထားပါတယ်။ Nokia 2.2 မှာ Fingerprint Sensor မပါဝင်တော့ပေမယ့် Face Unlock စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Nokia 3.2 နဲ့ 2.2 တို့ဟာ သိပ်မကြာခင်မှာ မြန်မာနိုင်ငံစျေးကွက်ထဲကို ဝင်ရောက်လာတော့မယ်လို့ ယူဆရပြီး စျေးနှုန်းအားဖြင့် Nokia 3.2 က ၂သိန်း ဝန်းကျင်နဲ့ Nokia 2.2 က ၁သိန်း ဝန်းကျင် ဒါမှမဟုတ် ၁သိန်းခွဲ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ ဒီတော့ Nokia 3.2 က Samsung Galaxy A10s, Oppo A5s, Vivo Y93 တို့နဲ့ စျေးတန်းသိပ်မကွာတဲ့ အနေအထားမှာ ရှိနေသလို Nokia 2.2 ကလည်း Samsung Galaxy A10, Oppo A1K, Vivo Y90 တို့နဲ့ စျေးတန်းသိပ်မကွာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ၂သိန်း ဝန်းကျင် ဒါမှမဟုတ် ၁သိန်း၊ ၁သိန်းခွဲ ဝန်းကျင် ဖုန်းတစ်လုံးလောက် ဝယ်ဖို့ စဥ်းစားနေတယ်ဆိုရင် ၃နှစ် OS Update ရမယ့် Nokia 3.2 နဲ့ 2.2 တို့ကို စောင့်ကြည့်ပြီး ထည့်သွင်းစဥ်းစားသင့်တယ်လို့ မြင်မိပါတယ်။

Nokia Myanmar အနေနဲ့ Unicode စနစ် ပြောင်းလဲ အသုံးပြုရေးအတွက် တထောင့်တနေရာကနေ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရားဝင်ထုတ်ဖော်ကြေညာထားတဲ့အတွက် ပြည်တွင်းဝင်မယ့် မျိူးဆက်သစ် Nokia စမတ်ဖုန်းတွေမှာ Unicode စနစ် တမျိူးတည်းသာ ပါဝင်တော့မှာ ဖြစ်ပါတယ်။